ယူနီကုဒ်ဖြင့်ဖတ်ရန်
အပျော်တမ်းရိုက်တဲ့ ဗီဒီယိုလေးတွေကနေတဆင့် ပရိသတ်တွေကျေးဇူးကြောင့် ကြော်ငြာတွေရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပြီဆိုတဲ့ ခေးဆက်သွင်
နာမည်လေးနဲ့ လိုက်အောင် ချစ်စရာကောင်းလွန်းတဲ့ ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေမှာ ဒုတိယမင်းသမီးအဖြစ် စတင်ခဲ့ရာမှ အခုဆိုရင် ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးခြင်း ခံနေရပြီပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ ခေးဆက်သွင်ကတော့ ပရိသတ်တွေအတွက် သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်လေးကနေ ဗီဒီယိုလေးတွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ခေးဆက်သွင်က အပျော်တမ်းရိုက်တဲ့ ဗီဒီယိုလေးတွေကနေ ပရိသတ်တွေကျေးဇူးကြောင့် ကြော်ငြာတွေရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပြီဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “Pageလေးကို အခုနောက်ပိုင်းမှ စသုံးဖြစ်ပေမယ့် အားပေးကြတာ တကယ်ကျေးဇူးတင်ပါတယ်။ တင်သမျှ Video file နီးပါး ရခဲ့တဲ့Like တွေ shareတွေနဲ့ Viewsတွေက ချစ်သက်သေတွေပါ။ အပိုဆုကတော့ ကြော်ငြာလေးတွေ ကမ်းလှမ်းခံရတာပေါ့နော်😍 ဒီ့ထက်မကလည်း လာမယ့်အမိုက်စား ဖျော်ဖြေတင်ဆက်မှုလေးတွေကို စောင့်ကြည့်ပေးကြပါဦးနော်။ ကျန်းမာကြပါစေ ချမ်းသာကြပါစေရှင့်🤍🤍🤍” ဆိုပြီး ဝမ်းသာစရာ သတင်းကောင်းလေးကို မျှဝေလာပါတယ်။
ခေးဆက်သွင်ကတော့ သူမရဲ့ စေတနာအကျိုးကြောင့် ကြော်ငြာတွေ ကမ်းလှမ်းခံရတဲ့အထိ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခေးဆက်သွင်ရဲ့ ကြော်ငြာလေးတွေကို အားပေးပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Khay Sett Thwin’s fb
Bilie – Cele Connections