ထားဝယ္သားေလး ပိုင္တံခြန္ကေတာ့ ဆယ္တန္းေအာင္ခါစအရြယ္ကတည္းက ရန္ကုန္ေရာက္လာခဲ့ျပီး အနုပညာေလာကထဲကို ဝင္ေရာက္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္က လက္ရိွမွာေတာ့ နိုင္ငံတကာနဲ့ ရင္ေဘာင္တန္းေအာင္ျမင္ေနတဲ့ နာမည္ၾကီး ေမာ္ဒယ္လ္မင္းသားတစ္ေယာက္အျဖစ္ တိုင္းျပည္ကို မ်က္နွာပန္းလွေစသူတစ္ေယာက္ ျဖစ္လို့ေနတာပဲ ျဖစ္ပါတယ္။ အသက္ (၂၄) နွစ္သာရိွေသးတဲ့ ပိုင္တံခြန္ကေတာ့ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ အေပ်ာ္အပါးထက္ မိသားစု၊ သူငယ္ခ်င္းေတြနဲ့သာ အခ်ိန္ကုန္ဆံုးေလ့ရိွပါတယ္။

မိသားစုဝင္မ်ားတဲ့ ပိုင္တံခြန္ကေတာ့ သူ့ရဲ့ အားလပ္ခ်ိန္တိုင္းမွာ အိမ္ကလူေတြနဲ့ပဲ အခ်ိန္ကုန္ဆံုးေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ပိုင္တံခြန္က မုန့္ေတြကို ကိုယ္တိုင္လုပ္ေကြ်းျပီး အိမ္ကလူေတြကို ဘဝမေမ့သြားဖို့ သတိေပးေနတာကို “အိမ္ကလူေတြကို တစ္ခ်ိန္က်ရင္ျပန္ေျပာဖို႔ ….ဘဝမေမ့နဲ႔ Ice-Cream Sandwich လုပ္ေကြၽးဖူးတယ္ဆိုၿပီး 😂” လို့ဆိုကာ သူရဲ့ ဗီဒီယိုကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။

ပိုင္တံခြန္ကေတာ့ မိဘနွစ္ပါးအျပင္ သူ့ရဲ့ ညီအစ္ကို ေမာင္နွမေတြအေပၚလည္း သံေယာဇဥ္ရိွရွာသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပိုင္တံခြန္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Paing Takhon’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ကလူတွေကို မုန့်တွေ ကိုယ်တိုင်လုပ်ကျွေးပြီး ဘဝမမေ့သွားဖို့ သတိပေးနေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို

ထားဝယ်သားလေး ပိုင်တံခွန်ကတော့ ဆယ်တန်းအောင်ခါစအရွယ်ကတည်းက ရန်ကုန်ရောက်လာခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းအောင်မြင်နေတဲ့ နာမည်ကြီး မော်ဒယ်လ်မင်းသားတစ်ယောက်အဖြစ် တိုင်းပြည်ကို မျက်နှာပန်းလှစေသူတစ်ယောက် ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ အသက် (၂၄) နှစ်သာရှိသေးတဲ့ ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အပျော်အပါးထက် မိသားစု၊ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။

မိသားစုဝင်များတဲ့ ပိုင်တံခွန်ကတော့ သူ့ရဲ့ အားလပ်ချိန်တိုင်းမှာ အိမ်ကလူတွေနဲ့ပဲ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်တံခွန်က မုန့်တွေကို ကိုယ်တိုင်လုပ်ကျွေးပြီး အိမ်ကလူတွေကို ဘဝမမေ့သွားဖို့ သတိပေးနေတာကို “အိမ်ကလူတွေကို တစ်ချိန်ကျရင်ပြန်ပြောဖို့ ….ဘဝမမေ့နဲ့ Ice-Cream Sandwich လုပ်ကျွေးဖူးတယ်ဆိုပြီး 😂” လို့ဆိုကာ သူရဲ့ ဗီဒီယိုကို အခုလိုပဲ မျှဝေပေးလာပါတယ်။

ပိုင်တံခွန်ကတော့ မိဘနှစ်ပါးအပြင် သူ့ရဲ့ ညီအစ်ကို မောင်နှမတွေအပေါ်လည်း သံယောဇဉ်ရှိရှာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Takhon’s fb
Bilie – Cele Connections