


Source: Goon Sein’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

စိတ်ကူးအိပ်မက်လေးအတိုင်းပဲ အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးမှာ ကိုယ်ပိုင်အပန်းဖြေအိမ်လေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီဆိုတဲ့ တက္ကသိုလ်ဂွမ်းပုံ

နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံက ငယ်စဉ်ကတည်းက အနုပညာကို ရူးသွပ်ခဲ့သူဖြစ်ပြီး အခုချိန်ထိတိုင် ရုပ်ရှင်ဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံက ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာ “ဤအရာကိုအချစ်လို့ခေါ်လား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး အကယ်ဒမီဆုရှင်တစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေလျက်ရှိပါတယ်။

အောင်မြင်မှုတွေ ရရှိလာတာနဲ့ အမျှ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်လာရတဲ့ တက္ကသိုလ်ဂွမ်းပုံက တစ်ဖက်မှာလည်း သူမရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ကြိုးစားနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ တက္ကသိုလ်ဂွမ်းပုံက သူမငယ်ငယ်ကတည်းက စိတ်ကူးခဲ့ရတဲ့ ပြင်ဦးလွင်မြို့မှာ အိမ်လေးတစ်လုံး ပိုင်ဆိုင်ဖို့ ဆန္ဒတွေပြည့်ခဲ့ရပြီဖြစ်ပြီး အိမ်လေးက အခုဆိုရင် (၉၀%) လောက် ပြင်ဆင်ပြီးသွားပြီလို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံကတော့ သားသမီးရတနာမရှိပေမယ့် တူနှစ်ကိုယ်နေထိုင်ဖို့ အိမ်လေးကို ပြင်ဆင်ထားတာ အရမ်းလှပြီး အေးချမ်းတယ်နော်။ ပရိသတ်ကြီးလည်း တက္ကသိုလ်ဂွမ်းပုံရဲ့ နေအိမ်လေးကိုကြည့်ပြီး အားကျစိတ်တွေဖြစ်လာမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Goon Sein’s fb
Bilie – Cele Connections