ခ်စ္စရာေကာင္းျပီး သြက္သြက္လက္လက္ ထက္ထက္ျမက္ျမက္ရိွတဲ့ မိန္းကေလး ေနျခည္ဦးကေတာ့ ခ်မ္းသာသူ မိဘအသိုင္းအဝုိင္းက ဆင္းသက္လူသူတစ္ေယာက္ျဖစ္ေပမယ့္ ကိုယ့္အားကိုယ္ကိုးျပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ Criminology ဘာသာနဲ့ ဘြဲ့ရခဲ့သူတစ္ေယာက္ျဖစ္ေပမယ့္ အခုလက္ရိွမွာေတာ့ သရုပ္ေဆာင္၊ Social Influencer တစ္ေယာက္အျဖစ္ ရပ္တည္ေနလ်က္ရိွပါတယ္။ တစ္ေန့တစ္ျခား ေအာင္ျမင္မႈေတြမ်ားစြာ ရရိွလာတဲ့ ေနျခည္ဦးက သူမ ရရိွသမွ် ဝင္ေငြေတြကို အသံုးျပဳျပီး သူမၾကိဳက္တဲ့ အသံုးအေဆာင္ေတြကို ဝယ္ယူစုေဆာင္းေလ့ရိွသလို အလွဴအတန္းေတြမ်ားစြာကိုလည္း ျပဳလုပ္ေလ့ရိွပါတယ္။

မၾကာခင္မွာလည္း သူမရဲ့ လုပ္အားဒါနနဲ့ အလွဴျပဳလုပ္ဦးမယ့္ ေနျခည္ဦးက ဒီကေန့မွာေတာ့ “Covid first wave တုန္းက ေနျခည္ သိန္း (၅၀) ဖိုး PPE ဝတ္စုံျပည့္ေတြ လိုအပ္ေနတဲ့ ေဆး႐ုံေတြကို လႉျဖစ္ခဲ့တဲ့ အမွတ္တရေလး ❤️❤️❤️ အဲ့တုန္းကေတာ့ ေနျခည့္ chillies ေတြရဲ႕ viewer အားနဲ႔ engagement ေတြကိုတြက္ၿပီး အားလုံးစုေပါင္းအလႉေလး လုပ္ျဖစ္ခဲ့တယ္ေနာ္။ဒီတစ္ေခါက္ ၂၉ နဲ႔ ၁ ရက္ေန႔ မွာ က်င္းပမယ့္ She Shines Jewelry နဲ႔ online charity sale မွာ အားလုံးပါဝင္ေပးပါ chillies ေတြကိုလဲ အားလဲေပး ေရာင္းလဲဝိုင္းေရာင္းေပးၿပီး အခု second wave မွာ ပိုမို လႉဒါန္းၾကရေအာင္ကြာေနာ္ ❤️❤️❤️” ဆိုျပီး Covid first wave တုန္းက လိုအပ္ေနတဲ့ ေဆး႐ုံေတြကို သိန္း (၅၀) ဖိုး PPE ဝတ္စုံျပည့္ေတြ လွဴဒါန္းခဲ့တယ္ဆိုတဲ့အေၾကာင္း ေျပာျပလာပါတယ္။

ေနျခည္ဦးကေတာ့ မၾကာခင္မွာ နာမည္ၾကီးလက္ဝတ္ရတနာပစၥည္းေတြကို အြန္လိုင္းကေန ေရာင္းခ်ေပးမွာျဖစ္ျပီး ထုိအတြက္အနုပညာေၾကးမယူပဲ ေရာင္းရသမွ် ေငြေၾကးရဲ့ (၁၀%) ကို လွဴဒါန္းဖို့ ရတနာဆိုင္နဲ့ပူးေပါင္းျပီး လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: beautybynaychi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Covid first wave မှာတုန်းက လိုအပ်နေတဲ့ ဆေးရုံတွေကို သိန်း (၅၀) ဖိုး PPE ဝတ်စုံပြည့်တွေ လှူဒါန်းဖြစ်ခဲ့တယ်ဆိုတဲ့ နေခြည်ဦး

ချစ်စရာကောင်းပြီး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ရှိတဲ့ မိန်းကလေး နေခြည်ဦးကတော့ ချမ်းသာသူ မိဘအသိုင်းအဝိုင်းက ဆင်းသက်လူသူတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသူတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးကတော့ Criminology ဘာသာနဲ့ ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်ပေမယ့် အခုလက်ရှိမှာတော့ သရုပ်ဆောင်၊ Social Influencer တစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေများစွာ ရရှိလာတဲ့ နေခြည်ဦးက သူမ ရရှိသမျှ ဝင်ငွေတွေကို အသုံးပြုပြီး သူမကြိုက်တဲ့ အသုံးအဆောင်တွေကို ဝယ်ယူစုဆောင်းလေ့ရှိသလို အလှူအတန်းတွေများစွာကိုလည်း ပြုလုပ်လေ့ရှိပါတယ်။

မကြာခင်မှာလည်း သူမရဲ့ လုပ်အားဒါနနဲ့ အလှူပြုလုပ်ဦးမယ့် နေခြည်ဦးက ဒီကနေ့မှာတော့ “Covid first wave တုန်းက နေခြည် သိန်း (၅၀) ဖိုး PPE ဝတ်စုံပြည့်တွေ လိုအပ်နေတဲ့ ဆေးရုံတွေကို လှူဖြစ်ခဲ့တဲ့ အမှတ်တရလေး ❤️❤️❤️ အဲ့တုန်းကတော့ နေခြည့် chillies တွေရဲ့ viewer အားနဲ့ engagement တွေကိုတွက်ပြီး အားလုံးစုပေါင်းအလှူလေး လုပ်ဖြစ်ခဲ့တယ်နော်။ဒီတစ်ခေါက် ၂၉ နဲ့ ၁ ရက်နေ့ မှာ ကျင်းပမယ့် She Shines Jewelry နဲ့ online charity sale မှာ အားလုံးပါဝင်ပေးပါ chillies တွေကိုလဲ အားလဲပေး ရောင်းလဲဝိုင်းရောင်းပေးပြီး အခု second wave မှာ ပိုမို လှူဒါန်းကြရအောင်ကွာနော် ❤️❤️❤️” ဆိုပြီး Covid first wave တုန်းက လိုအပ်နေတဲ့ ဆေးရုံတွေကို သိန်း (၅၀) ဖိုး PPE ဝတ်စုံပြည့်တွေ လှူဒါန်းခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြလာပါတယ်။

နေခြည်ဦးကတော့ မကြာခင်မှာ နာမည်ကြီးလက်ဝတ်ရတနာပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချပေးမှာဖြစ်ပြီး ထိုအတွက်အနုပညာကြေးမယူပဲ ရောင်းရသမျှ ငွေကြေးရဲ့ (၁၀%) ကို လှူဒါန်းဖို့ ရတနာဆိုင်နဲ့ပူးပေါင်းပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: beautybynaychi’s fb
Bilie – Cele Connections