ပရဟိတမင္းသားႀကီး ဦးေက်ာ္သူကေတာ့ သူ႔ဘဝရဲ႕ ျဖတ္သန္းလာခဲ့တဲ့ အခ်ိန္အမ်ားစုမွာ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ရင္း ကုန္လြန္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ ကိုဗစ္ကာလမွာလည္း ေက်ာ္သူက နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ႕ ဥကၠဌတစ္ေယာက္ပီပီ ေသဆုံးသူ႐ုပ္အေလာင္းေတြကို သုႆန္သို႔ ေန႔ညမေ႐ြး ပို႔ေဆာင္ေနရင္း Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ေက်ာ္သူကေတာ့ နဂိုကတည္းက က်န္းမာေရးသိပ္မေကာင္းၿပီး ႏွလုံးခြဲစိတ္ထားရသူမို႔ သ႐ုပ္ေဆာင္ ထြန္းကိုကိုက အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ေက်ာ္သူက ကိုယ္တိုင္လည္း ေရာဂါပိုးမေပ်ာက္ကင္းေသးတဲ့အျပင္ အနီးကပ္ျပဳစုေနတဲ့ ထြန္းကိုကိုပါ ေရာဂါပိုးရွိေနၿပီျဖစ္ေၾကာင္းကို “ေပ်ာ္မေနၾကပါနဲ႔ဗ်ာ။ ခုထိ ” P ” ပါခင္ဗ်။ (ေက်ာ္နဲ႔ထြန္း)” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန အသိေပးထားခဲ့တာပဲ ျဖစ္ပါတယ္။

ေက်ာ္သူကေတာ့ Swab Test (၂) ၾကိမ္စစ္ရာ နွစ္ၾကိမ္စလံုး ေရာဂါပိုးမေပ်ာက္ကင္းေသးပဲ Positive ျဖစ္ေနေသးတဲ့အျပင္ ထြန္းကိုကိုကေတာ့ ေဆးရံုေရာက္ျပီး ပထမဦးဆံုး Swab Test စစ္ရာ Positive ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရဟိတမင္းသားၾကီးေတြ အျမန္ဆံုး ေရာဂါေပ်ာက္ကင္းပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်တိုင်လည်း ရောဂါပိုးမပျောက်ကင်းသေးတဲ့အပြင် အနီးကပ်ပြုစုနေတဲ့ ထွန်းကိုကိုပါ ရောဂါပိုးရှိနေပြီဖြစ်ကြောင်းပြောလာတဲ့ ကျော်သူ

ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ သူ့ဘဝရဲ့ ဖြတ်သန်းလာခဲ့တဲ့ အချိန်အများစုမှာ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရင်း ကုန်လွန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာလည်း ကျော်သူက နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌတစ်ယောက်ပီပီ သေဆုံးသူရုပ်အလောင်းတွေကို သုဿန်သို့ နေ့ညမရွေး ပို့ဆောင်နေရင်း Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျော်သူကတော့ နဂိုကတည်းက ကျန်းမာရေးသိပ်မကောင်းပြီး နှလုံးခွဲစိတ်ထားရသူမို့ သရုပ်ဆောင် ထွန်းကိုကိုက အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကျော်သူက ကိုယ်တိုင်လည်း ရောဂါပိုးမပျောက်ကင်းသေးတဲ့အပြင် အနီးကပ်ပြုစုနေတဲ့ ထွန်းကိုကိုပါ ရောဂါပိုးရှိနေပြီဖြစ်ကြောင်းကို “ပျော်မနေကြပါနဲ့ဗျာ။ ခုထိ ” P ” ပါခင်ဗျ။ (ကျော်နဲ့ထွန်း)” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်သူကတော့ Swab Test (၂) ကြိမ်စစ်ရာ နှစ်ကြိမ်စလုံး ရောဂါပိုးမပျောက်ကင်းသေးပဲ Positive ဖြစ်နေသေးတဲ့အပြင် ထွန်းကိုကိုကတော့ ဆေးရုံရောက်ပြီး ပထမဦးဆုံး Swab Test စစ်ရာ Positive ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရဟိတမင်းသားကြီးတွေ အမြန်ဆုံး ရောဂါပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections