


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖန်သားပြင်နောက်ကွယ်မှာတောင် ပရိသတ်တွေပျော်စေချင်လို့ မိန်းမလျာပုံစံသရုပ်ဆောင်ပြီး စနောက်ကျီစယ်ခဲ့တဲ့ ကျော်ကျော်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ကတော့ ပျော်ပျော်နေတတ်ပြီး စိတ်လွတ်ကိုယ်လွတ်တစ်ယောက်တည်း လူပျိုကြီးပဲ ဖြစ်ပါတယ်။ ကျော်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်အတိုင်း တစ်သွေမတိမ်း သရုပ်ဆောင်နိုင်ပေမယ့် သူ့ရဲ့ အပြင်က တကယ့်ပုံစံအစစ်ကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေကြားမှာ ကျော်ကျော်က ချစ်စရာကောင်းတဲ့ မင်းသားကြီးတစ်လက်အဖြစ် နာမည်ကျော်ကြားတာပဲ ဖြစ်ပါတယ်။

ပျော်ပျော်နေတတ်သလို အမြဲတမ်း စစနောက်နောက်ရှိတဲ့ ကျော်ကျော်က ဒီကနေ့မှာလည်း သူ့ရဲ့ ပရိသတ်တွေကို မိန်းမလျာပုံစံသရုပ်ဆောင်ပြီး စနောက်ကျီစယ်ထားပါတယ်။ ကျော်ကျော်က “လိုအပ်လာလျှင် ရှေ့တန်းကနေပြီး ရှောက်သီးဆေးပြားရောင်းစားဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင်ကျော်ကျော် 😁😁😁” ဆိုပြီး ပရိသတ်တွေ ဘဝအမောပြေပျောက်စေဖို့ အခုလိုပဲ မျှဝေပေးလာပါတယ်။

ကျော်ကျော်ကတော့ ဖန်သားပြင်နောက်ကွယ်မှာတောင် ပရိသတ်တွေပျော်စေချင်လို့ မိန်းမလျာပုံစံသရုပ်ဆောင်ပြီး စနောက်ကျီစယ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီး ခတ္တခဏတော့ ဘဝအမောတွေပြေပျောက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Naing Oo’s fb
Bilie – Cele Connections