နိုင္ငံေက်ာ္ အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေက်ာ္သူကေတာ့ အနုပညာေလာကတစ္ေလာကလံုးက ေလးစားအားက်ရသူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေက်ာ္သူက COVID-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတာေၾကာင့္ ေဝဘာဂီေဆးရံုမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္သူက သူ့ရဲ့ နာေရးကူညီမႈအသင္းသားေတြကို Negative ဆိုေပမယ့္ အေပ်ာ္ၾကဴးျပီး မေပါ့ဆဖို့ သတိေပးလာတာကို ေတြ့ရပါတယ္။

“N ကြ! ဆိုေတာ့ မင္းတို႔နည္းတူ ငါလည္းဝမ္းသာမိတာေပါ့ကြာ။ ဒါေပမယ့္ ဒါတစ္သက္လုံး “N” ျဖစ္သြားတာမဟုတ္ဘူးဆိုတာ သိထားဖို႔ အေရးႀကီးတယ္။ ဒါ့ေၾကာင့္ … ငါ ဒါေလးေရးေပးလိုက္ တယ္။ ဝမ္းသာတယ္ဆိုၿပီး အေပ်ာ္မၾကဴးၾကနဲ႔။ မေပါ့ၾကနဲ႔။ လြတ္လပ္ၿပီဆိုၿပီး လမ္းမထြက္ ေဆး႐ိုးလွမ္းၾကသလို ျဖစ္ကုန္ေတာ့မယ္။ သတိ! အသိ! အၿမဲ ရွိ! ေက်ာ္သူ( ေခတၱ ေဝဘာဂီ)” ဆိုျပီး ဥကၠဌတစ္ေယာက္အေနနဲ့ သတိေပးစကား ဆိုထားပါတယ္။

ေက်ာ္သူကေတာ့ သူကုိယ္တိုင္ Positive ျဖစ္ေနေပမယ့္ နာေရးကူညီမႈအသင္းသားေတြရဲ့ Negative ျဖစ္တာေၾကာင့္ ထပ္တူဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ ေက်ာ္သူလည္း မၾကာခင္ အခ်ိန္အတြင္း ေဆးရံုကဆင္းျပီး ေနျမန္ျမန္ေကာင္းလာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်ဆေးစစ်မှု Negative ဖြစ်တဲ့ နာရေးကူညီမှုအသင်းသားတွေကို အပျော်ကြူးပြီး မပေါ့ဆဖို့ သတိပေးလာတဲ့ ဥက္ကဌ ကျော်သူလည်း အမြန်ဆုံး ရောဂါကင်းရှင်းပါစေ..

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ကျော်သူကတော့ အနုပညာလောကတစ်လောကလုံးက လေးစားအားကျရသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်သူက COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာကြောင့် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက သူ့ရဲ့ နာရေးကူညီမှုအသင်းသားတွေကို Negative ဆိုပေမယ့် အပျော်ကြူးပြီး မပေါ့ဆဖို့ သတိပေးလာတာကို တွေ့ရပါတယ်။

“N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ။ ဒါပေမယ့် ဒါတစ်သက်လုံး “N” ဖြစ်သွားတာမဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် … ငါ ဒါလေးရေးပေးလိုက် တယ်။ ဝမ်းသာတယ်ဆိုပြီး အပျော်မကြူးကြနဲ့။ မပေါ့ကြနဲ့။ လွတ်လပ်ပြီဆိုပြီး လမ်းမထွက် ဆေးရိုးလှမ်းကြသလို ဖြစ်ကုန်တော့မယ်။ သတိ! အသိ! အမြဲ ရှိ! ကျော်သူ( ခေတ္တ ဝေဘာဂီ)” ဆိုပြီး ဥက္ကဌတစ်ယောက်အနေနဲ့ သတိပေးစကား ဆိုထားပါတယ်။

ကျော်သူကတော့ သူကိုယ်တိုင် Positive ဖြစ်နေပေမယ့် နာရေးကူညီမှုအသင်းသားတွေရဲ့ Negative ဖြစ်တာကြောင့် ထပ်တူဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ကျော်သူလည်း မကြာခင် အချိန်အတွင်း ဆေးရုံကဆင်းပြီး နေမြန်မြန်ကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu ‘s fb
Bilie – Cele Connections