


Source: SEIN PHYO & YI ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပထမဦးဆုံးစတွေ့ချိန်မှာ တစ်ယောက်ကိုတစ်ယောက် သရုပ်ဆောင်တွေမှန်းမသိခဲ့ကြဘူးဆိုတဲ့ မောင်နဲ့ ရီရီပွင့်ဖြူရဲ့ (၇) နှစ်တာ အချစ်ဇာတ်လမ်း

သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲကတော့ တစ်ချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြပေမယ့် အခုဆိုရင် နှစ်ယောက်စလုံး အနုပညာလှုပ်ရှားမှုတွေ ရပ်နားခဲ့ပြီပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ နှစ်ယောက်စလုံး အနုပညာအလုပ်တွေ မလုပ်ကိုင်တော့တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြတာ အခုဆိုရင် (၇) နှစ်ကျော်တိုင် ရှိပြီပဲ ဖြစ်ပါတယ်။ (၇) နှစ်တိတိ သစ္စာမပျက်ကြေး လက်တွဲလာခဲ့တဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲက ပရိသတ်တွေကြားမှာ အားကျစရာ ချစ်သူစုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မောင်နဲ့ ရီရီပွင့်ဖြူတို့က 7th Year Anniversary Vlog လေးကို မျှဝေရင်း သူတို့ချစ်သူနှစ်ယောက်အကြောင်း ပရိသတ်သိချင်သမျှကို ဖြေကြားလာခဲ့ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ကို ချစ်တဲ့ ပရိသတ်တွေအတွက် (၇) နှစ်တိုင် လက်တွဲခဲ့ကြတဲ့ ချစ်သူနှစ်ယောက်အကြောင်းရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ ပထမဦးဆုံးစတွေ့ချိန်မှာ တစ်ယောက်ကိုတစ်ယောက် သရုပ်ဆောင်တွေမှန်းမသိခဲ့ကြဘူးဆိုတော့ တကယ့်ကို ဖူးစာမှန်လို့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေး(၇) နှစ်မှသည် နောင် နှစ်ပေါင်း (၇၀) ထိ အခုလိုပဲ ပျော်ရွှင်ကြည်နူးစွာ ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI ‘s fb
Bilie – Cele Connections