


ယူနီကုဒ်ဖြင့်ဖတ်ရန်

“မမထက်” ရယ်လို့ တဖွဖွခေါ်ပြီး ထက်ထက်မိုးဦးဆီမှာ စိန်ထည်ပစ္စည်းတွေကို ဝယ်ယူအားပေးခဲ့တဲ့ စိုးပြည့်သဇင်

ပရိသတ်တွေချစ်ကြတဲ့ အကယ်ဒမီများရှင် ထက်ထက်မိုးဦးကတော့ လွန်ခဲ့တဲ့နှစ်တွေက ကျန်းမာရေးအခြေအနေတွေကြောင့် ပရိသတ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သူမရဲ့ ဖခင်ကွယ်လွန်သွားပြီးချိန်မှာတော့ အလုပ်တွေကို အရင်ကထက် ပိုပြီးလုပ်ကိုင်လာခဲ့တာ ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်မေတ္တာတွေကို ရရှိပိုင်ဆိုင်ထားပေမယ့် မိသားစုရေးမှာတော့ ကံမကောင်းလွန်းတဲ့ ထက်ထက်မိုးဦးက ပရိသတ်တွေပေးတဲ့ ခွန်အားတွေနဲ့ပဲ ရှေ့ဆက်နေရတာ ဖြစ်ပါတယ်။

အနုပညာရှင်တွေကလည်း Live လွှင့်ပြီး ရတနာဆိုင်တွေအတွက် ဈေးရောင်းချပေးနေတဲ့ ထက်ထက်မိုးဦးဆီမှာ ပစ္စည်းတွေကို အားပေးနေကြသလို စိုးပြည့်သဇင်ကလည်း သိန်းရာချီတန်တဲ့ စိန်နားကပ်ကြီးတွေကို ဝယ်ယူခဲ့ပါတယ်။ စိုးပြည့်လေးကတော့ ထက်ထက်မိုးဦးကို “မမထက်” ရယ်လို့ တဖွဖွခေါ်ပြီး ပစ္စည်းတွေကို ဝယ်ယူအားပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

စိုးပြည့်သဇင်ကတော့ ထက်ထက်မိုးဦးကိုချစ်တဲ့စိတ်နဲ့ ပစ္စည်းတွေကို ဝယ်ယူအားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းတဲ့ စိုးပြည့်လေးကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections