


ယူနီကုဒ်ဖြင့်ဖတ်ရန်

အဆိုတော် စိန်လင်းအတွက် နဝရတ်ကိုးပါးလက်စွပ်ကြီးကို ကိတ်မု့န်ထဲထည့်ပြီး Birthday Surprise လုပ်ခဲ့တဲ့ ပိုးကြာဖြူခင်

မင်းသမီးချော ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများအောင်မြင်လာသူဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့ အားပေး စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုသာ ပိုမိုလုပ်ကိုင်နေတာကြောင့် အချစ်ရေးကိစ္စကို မစဉ်းစားသေးပဲ တစ်ကိုတည်း Single အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေကိုချစ်သလို လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း သံယောဇဉ်ရှိတဲ့ ပိုးကြာဖြူခင်က မနေ့က အောက်တိုဘာလ (၂၅) ရက်နေ့မှာတော့ အဆိုတော် စိန်လင်းအတွက် မွေးနေ့ Surprise တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ ပိုးကြာဖြူခင်က စိန်လင်းအတွက် မွေးနေ့ကိတ်ထဲမှာ နဝရတ်ကိုးပါးလက်စွပ်ကြီးကို ထည့်ပေးပြီး ရင်ခုန်စိတ်လှုပ်ရှားအောင် ဖန်တီးပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုးကြာဖြူခင်နဲ့ စိန်လင်းတို့ကတော့ သီချင်းတွေကိုလည်း အတူတကွ သီဆိုဖူးပြီး အလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ခဲ့ဖူးကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလို ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections