နုိင္ငံေက်ာ္ မင္းသားေခ်ာ ေနတိုးက ငယ္စဥ္က “ဇင္မင္း” ဆိုတဲ့ နာမည္ေလးနဲ့ ေမာ္ဒယ္စလုပ္စဥ္ကတည္းက ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့ျပီး တစ္ျဖည္းျဖည္း နာမည္ၾကီးလာရာ အခုဆိုရင္ နိုင္ငံေက်ာ္ထိပ္တန္း မင္းသားတစ္ဦးအျဖစ္ ေအာင္ျမင္ေနသူ တစ္ဦးျဖစ္ပါတယ္။ ျမန္မာနုိင္ငံရဲ့ ထိပ္တန္းမင္းသားျဖစ္တဲ့ ေနတုိးက အကယ္ဒမီဆုၾကီး (၃) ဆုတိတိကို လက္ဝယ္ပိုင္ဆိုင္ထားသူျဖစ္ျပီး လက္ရိွမွာလည္း ပရိသတ္ေတြအတြက္ မရိုးနိုင္တဲ့ ခံစားမႈရသေတြကို ခ်ျပဖို့ ၾကိဳးစားေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

လက္တေလာမွာေတာ့ အနုပညာလႈပ္ရွားမႈေတြကို ရပ္နားထားတဲ့ ေနတိုးက သူ့ကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ အလြမ္းေျပၾကည့္နိုင္ဖို့ အမွတ္တရေကာင္းေတြကို ခ်ျပေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေနတိုးက နွင္းဆီအဖြဲ့သားေတြျဖစ္တဲ့ ေမာင္မ်ိဳးမင္း၊ ေက်ာ္ေက်ာ္ဗိုလ္၊ ရဲေလး၊ ထြန္းထြန္း၊ မိုးမုိးတို့နဲ့ ေပ်ာ္ရႊင္ခဲ့ၾကတဲ့ အမွတ္တရေတြကို အခုလိုပဲ မွ်ေဝေပးလာခဲ့ပါတယ္။

နွင္းဆီအဖြဲ့သားေတြကေတာ့ ဇာတ္ခံုေပၚမွာသာမကပဲ အျပင္မွာလည္း တစ္ေယာက္နဲ့တစ္ေယာက္ စစေနာက္ေနာက္ရိွၾကတာကို ပရိသတ္ၾကီးလည္း ေတြ့ျမင္နိုင္မွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီဗီဒီယိုေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Toe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ညီလေးငယ်မင်းသွေးပါ ပါဝင်ခဲ့တဲ့ (၂၀၁၂)ခုနှစ် က နှင်းဆီအဖွဲ့သားတွေရဲ့ ပျော်ရွှင်စရာ ပဲရစ်ခရီးစဉ်အမှတ်တရကို ချပြလာတဲ့ နေတိုး

နိုင်ငံကျော် မင်းသားချော နေတိုးက ငယ်စဉ်က “ဇင်မင်း” ဆိုတဲ့ နာမည်လေးနဲ့ မော်ဒယ်စလုပ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး တစ်ဖြည်းဖြည်း နာမည်ကြီးလာရာ အခုဆိုရင် နိုင်ငံကျော်ထိပ်တန်း မင်းသားတစ်ဦးအဖြစ် အောင်မြင်နေသူ တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားဖြစ်တဲ့ နေတိုးက အကယ်ဒမီဆုကြီး (၃) ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရှိမှာလည်း ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ ခံစားမှုရသတွေကို ချပြဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတဲ့ နေတိုးက သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် အလွမ်းပြေကြည့်နိုင်ဖို့ အမှတ်တရကောင်းတွေကို ချပြနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေတိုးက နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ မောင်မျိုးမင်း၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ ထွန်းထွန်း၊ မိုးမိုးတို့နဲ့ ပျော်ရွှင်ခဲ့ကြတဲ့ အမှတ်တရတွေကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

နှင်းဆီအဖွဲ့သားတွေကတော့ ဇာတ်ခုံပေါ်မှာသာမကပဲ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် စစနောက်နောက်ရှိကြတာကို ပရိသတ်ကြီးလည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Bilie – Cele Connections