နိုင္ငံေက်ာ္ မိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ လင္းလင္းကေတာ့ နိုင္ငံေက်ာ္ အနုပညာရွင္ေတြရဲ့ ပင္တိုင္မိတ္ကပ္ဆရာျဖစ္တာေၾကာင့္ အနုပညာအသိုင္းအဝိုင္းနဲ့ မစိမ္းသူတစ္ေယာက္ ျဖစ္ပါတယ္။ လင္းလင္းက သူမကိုယ္တိုင္လည္း ရုပ္ရွင္ဇာတ္ကားနွစ္ကားမွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ေၾကာ္ျငာအခ်ိဳ့ကိုလည္း ရိုက္ကူးေပးထားတာေၾကာင့္ ပရိသတ္ေတြနဲ့ ရင္းနွီးျပီးသားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း စကားေျပာပြင့္လင္းျပီး သြက္လက္လြန္းတဲ့ လင္းလင္းကို အနုပညာရွင္တစ္ေယာက္လုိပဲ ခ်စ္ခင္အားေပးၾကပါတယ္။

လက္ရိွဝါကြ်တ္ခါနီးကာလမွာေတာ့ လင္းလင္းက ကိုဗစ္ေၾကာင့္ အလုပ္ေတြ နည္းပါးေနတယ္ဆိုေပမယ့္ မင္းသမီးေတြရဲ့ Live လႊင့္ေစ်းေရာင္းတဲ့အခ်ိန္ေတြအတြက္ အလွဆံုးျဖစ္ေအာင္ ျပင္ဆင္ျခယ္သေပးေနရတာပဲ ျဖစ္ပါတယ္။ လင္းလင္းက ထက္ထက္မိုးဦးအတြက္ မိတ္ကပ္ေတြလိုက္လိမ္းေပးရင္း ေရာင္းသမွ် ရတနာပစၥည္းေတြကိုလည္း ပြဲဦးထြက္အားေပးျဖစ္ေနေၾကာင္းကို “ေမေမထက္ကိုဒီေန႔ ထပ္အားေပးျဖစ္တယ္။ ပြဲဦးထြက္ ေဖာက္သည္ေလးပါ” ဆိုျပီး အမွတ္တရေျပာလာခဲ့ပါတယ္။

မိတ္ကပ္ လင္းလင္းကေတာ့ ထက္ထက္မိုးဦးကိုခ်စ္တဲ့စိတ္ေၾကာင့္ လက္ဝတ္ရတနာပစၥည္းေတြကို ဝယ္ယူအားေပးေနတာပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းတဲ့ လင္းလင္းတစ္ေယာက္ ဒီထက္မက ရတနာဥစၥာေတြ တိုးပြားပိုင္ဆိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Lin Linn’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ထက်ထက်မိုးဦးအတွက် မိတ်ကပ်တွေလိုက်လိမ်းပေးရင်း ရောင်းသမျှ ရတနာပစ္စည်းတွေကိုလည်း ပွဲဦးထွက်အားပေးဖြစ်နေတဲ့ မိတ်ကပ် လင်းလင်း

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းလင်းကတော့ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ ပင်တိုင်မိတ်ကပ်ဆရာဖြစ်တာကြောင့် အနုပညာအသိုင်းအဝိုင်းနဲ့ မစိမ်းသူတစ်ယောက် ဖြစ်ပါတယ်။ လင်းလင်းက သူမကိုယ်တိုင်လည်း ရုပ်ရှင်ဇာတ်ကားနှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကြော်ငြာအချို့ကိုလည်း ရိုက်ကူးပေးထားတာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စကားပြောပွင့်လင်းပြီး သွက်လက်လွန်းတဲ့ လင်းလင်းကို အနုပညာရှင်တစ်ယောက်လိုပဲ ချစ်ခင်အားပေးကြပါတယ်။

လက်ရှိဝါကျွတ်ခါနီးကာလမှာတော့ လင်းလင်းက ကိုဗစ်ကြောင့် အလုပ်တွေ နည်းပါးနေတယ်ဆိုပေမယ့် မင်းသမီးတွေရဲ့ Live လွှင့်ဈေးရောင်းတဲ့အချိန်တွေအတွက် အလှဆုံးဖြစ်အောင် ပြင်ဆင်ခြယ်သပေးနေရတာပဲ ဖြစ်ပါတယ်။ လင်းလင်းက ထက်ထက်မိုးဦးအတွက် မိတ်ကပ်တွေလိုက်လိမ်းပေးရင်း ရောင်းသမျှ ရတနာပစ္စည်းတွေကိုလည်း ပွဲဦးထွက်အားပေးဖြစ်နေကြောင်းကို “မေမေထက်ကိုဒီနေ့ ထပ်အားပေးဖြစ်တယ်။ ပွဲဦးထွက် ဖောက်သည်လေးပါ” ဆိုပြီး အမှတ်တရပြောလာခဲ့ပါတယ်။

မိတ်ကပ် လင်းလင်းကတော့ ထက်ထက်မိုးဦးကိုချစ်တဲ့စိတ်ကြောင့် လက်ဝတ်ရတနာပစ္စည်းတွေကို ဝယ်ယူအားပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ လင်းလင်းတစ်ယောက် ဒီထက်မက ရတနာဥစ္စာတွေ တိုးပွားပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Lin Linn’s fb
Bilie – Cele Connections