


ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံတကာ အဆင့်သက်မှတ်ချက်တစ်ခုမှာ စီနီယာမင်းသမီး ဝတ်မှုံရွှေရည်နဲ့အပြိုင် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ နော်ဖောအယ်ထား

ချစ်စရာကောင်းတဲ့ ရှမ်း၊ ကရင်၊ မြန်မာ ကပြားမလေး နော်ဖော်အယ်ထားက Photo Model တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက လူလေးချစ်စရာကောင်းသလောက် ဖော်ဖော်ရွေရွေလည်းရှိတာကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက ဇာတ်လမ်းတွဲတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။

တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေတိုးပွားရရှိလာခဲ့တဲ့ နော်ဖောအယ်ထားက ဒီတစ်ခါမှာလည်း TC Candler ရဲ့ The Most Beautiful Faces 2020 ! မှာ နိုင်ငံတကာက အနုပညာရှင်များနဲ့အတူတူ ဆန်တာတင်စာရင်း ဝင်လာနိုင်တာပဲ ဖြစ်ပါတယ်။ နော်ဖောအယ်ထားကတော့ “နော်ဖောကို အားပေးတဲ့သူတိုင်းကို ရင်ထဲကနေ ကျေးဇူးတင်ပါတယ် 💓 TC Candler ရဲ့ The Most Beautiful Faces 2020 မှာ တစ်စိတ်တစ်ဒေသ ဖြစ်ရတာ ဂုဏ်ယူစရာပါ 🥰” ဆိုပြီး ဝမ်းသာစကား ဆိုထားပါတယ်။

TC Candler ရဲ့ The Most Beautiful Faces 2020 မှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ပါ ပါဝင်ခဲ့ပြီး အခုဆိုရင် နော်ဖောအယ်ထားကပါ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ကိုယ့်နိုင်ငံက မင်းသား၊ မင်းသမီးတွေကို အားပေးဝန်းရံကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Naw Phaw Eh Htar’s fb
Bilie – Cele Connections