




ယူနီကုဒ်ဖြင့်ဖတ်ရန်

သူမကိုချစ်ပြီး ဝန်းရံနေချိန်မှာ အခြားသူတွေကိုလည်း မထိခိုက်စေဖို့ ပရိသတ်တွေကို သတိပေးလာခဲ့တဲ့ နန်းစန္ဒာလှထွန်း

အဆိုတော် ဟန်ထွန်းရဲ့တူမချောလေး နန်းစန္ဒာလှထွန်းကတော့ ဦးလေးနဲ့မတူပဲ သရုပ်ဆောင်နယ်ပယ်ထဲကိုသာ ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာ ရေဝတီဆိုတဲ့ ဇာတ်ကောင်လေးနဲ့ လူသိများလာခဲ့ပြီး နောက်ပိုင်းမှာတော့ “ကျွန်တော်အမုန်းဆုံးကျွန်တော်”၊ “အရိပ်” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းစန္ဒာလှထွန်းက သူမကိုချစ်ပြီး ဝန်းရံနေချိန်မှာ အခြားသူတွေကိုလည်း မထိခိုက်စေဖို့ ပရိသတ်တွေကို သတိပေးလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

“နန်းနန်းကိုချစ်ပေးကြ အားပေးကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်နော်..လူတိုင်းက ကိုယ့် Idol ကိုယ့်လူကိုချစ်ကြ ဝန်းရံပေးကြတာတွေနားလည်ပါတယ်..နည်းလမ်းအမျိုးမျိုးနဲ့ ရအောင် ဝန်းရံကြမှာပဲ..အရမ်းမျှော်လင့်ထားပြီး ဖြစ်မလာတဲ့အခါမျိုးမှာ ဆိုရင်လည်း ခံစားလိုက်ရမှာကိုနားလည်တယ်..ကိုယ်ကိုယ်တိုင်လည်း ကိုယ်အရမ်းကြိုက်ပြီး ဝန်းရံပေးတဲ့ Idol ရှိလို့ အဲ့ခံစားချက်တွေကို နားလည်တယ်..( ခဗျားလေးတို့လည်း သိတဲ့အတိုင်းပဲ ကျုပ်အားပေးတဲ့ သူကိုဆို တစ်ခုခုဆို ကျုပ်လည်း ဆတ်ဆတ်ထိမခံဖြစ် စိတ်တွေတို ✌️ မဟုတ်ပဲပြောတယ်ဆို ဒီဘက်မှာလောင်တာ မပြီးတော့ဘူး ကိုယ့်ကိုသိဆုံး 😁 ကိုယ်လည်းတစ်ခုခုဆိုပြောချင်တာပေါ့ ဒါပေမယ့်လေ ကိုယ်ပြောလိုက်လို့ သူ့ကိုတလွဲထင်ပြီး သက်ရောက်စေမယ့်အရာဆိုမပြောတော့ဘူး..သူစိတ်မကောင်းဖြစ်ရင် ကိုယ်လည်းမကောင်းလို့..သူစိတ်ညစ်ရင် ကိုယ်ပါစိတ်ညစ်နေသလိုပဲ 😁💃) ”

“ကိုယ့်အိုင်ဒေါကို ချစ်ပြီးဝန်းရံတဲ့ချိန်မှာ တခြားသူတွေကိုလည်း မထိခိုက်အောင် ကြိုးစားပြီး support လုပ်ကြမယ်လေနော်..ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုးကို မလုပ်မိဖို့ သတိထားကြမယ်..ကိုယ်ကတော့ ချစ်လို့ ဂရုဏာဒေါသနဲ့ ပြောမိတာတွေ လုပ်မိတာတွေ ရှိမှာပဲ..ဒါပေမယ့်ကိုယ်လုပ်လိုက်တဲ့ အရာလေးက ကိုယ်အားပေးတဲ့ အိုင်ဒေါကိုများ သက်ရောက်သွားမလား ၊ တစ်ဖက်ကိုထိခိုက်သွားမလား ဆိုတာမျိုးလေး စဉ်းစားကြမယ်လေနော်…အားလုံးက ကိုယ့်လူကို အကောင်းဆုံးဆိုတာ ရစေချင်ကြတာပဲလေနော်..အဲ့တော့ ဘယ်သူ့ကိုမှ မထိခိုက်ပဲ ရှေ့ဆက်ကြမယ် အားလုံးတူတူဆက်ပြီး ကြိုးစားသွားကြမယ်နော်..အမြဲတမ်းရှိနေပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်တယ်..ရှေ့ဆက်ပြီးလည်း တူတူရှိကြမယ် ✌️😘 ချစ်တယ်နော်..ဒီကလေးတွေတော့ ချစ်တတ်အောင် သင်ပေးရအုံးမယ်နဲ့ တူပါတယ်” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ သူမကိုချစ်ပြီး ဝန်းရံနေချိန်မှာ အခြားသူတွေကိုလည်း မထိခိုက်စေဖို့ ပရိသတ်တွေကို သတိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nan Sandar Hla Htun’s fb
Bilie – Cele Connections