နိုင္ငံေက်ာ္ သရုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ ေအာင္ေသာ္နဲ့ ေဝဠဳေက်ာ္တို့ကေတာ့ လက္ရိွ ကိုဗစ္ကာလမွာ ရိွသမွ် အလုပ္ေတြ အကုန္လံုးကို ရပ္နားထားျပီး အမ်ားအက်ိဳးအတြက္သာ သယ္ပိုးေဆာင္ရြက္ေနၾကတာပဲ ျဖစ္ပါတယ္။ ေအာင္ေသာ္နဲ့ ေဝဠဳေက်ာ္တို့ကေတာ့ ပရဟိတဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အတူတူ အလုပ္လုပ္ကိုင္ခဲ့တာ အခုဆိုရင္ (၆) လေက်ာ္ အခ်ိန္ရိွေနျပီပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေအာင္ေသာ္က သူနဲ့ စိတ္တူကိုယ္တူရိွတဲ့ ဆရာအစ္ကို ေဝဠဳေက်ာ္ကို သီတင္းကြ်တ္ ကန္ေတာ့ခဲ့တဲ့အေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “သီတင္းကြၽတ္ေရာက္ေတာ့မယ္ဆိုေတာ့။ ကိုေဝကိုကန္ေတာ့တာppeလက္ေဆာင္ျပန္ေပးမယ္ဆိုေတာ့ဘယ္ရမလဲppeဖိုးဘဲေတာင္းၿပီးျပန္လာတာေပါ့။ ဟီးဟီး” ဆိုျပီး ဆရာ တပည့္နွစ္ေယာက္ရဲ့ ၾကည္နူးစရာ ျမင္ကြင္းေလးကို မွ်ေဝေပးလာခဲ့ပါတယ္။

ေအာင္ေသာ္ကေတာ့ ဆရာလိုလည္း ေလးစားရသလို အစ္ကိုတစ္ေယာက္လိုလည္း ခ်စ္ခင္ရတဲ့ ေဝဠဳေက်ာ္ကို မေမ့မေလ်ာ့နဲ့ ဂါရဝျပဳကန္ေတာ့ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သီတင္းကြ်တ္မွာ ကိုယ္ေလးစားခ်စ္ခင္ရသူေတြကို ဂါရဝျပဳဖို့ မေမ့ၾကနဲ့ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aung Thaw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆရာအစ်ကို ဝေဠုကျော်ကို မမေ့မလျော့နဲ့ သီတင်းကျွတ် ဂါရဝပြုကန်တော့ခဲ့တဲ့အကြောင်း ပြောလာတဲ့ အောင်သော်

နိုင်ငံကျော် သရုပ်ဆောင်များဖြစ်ကြတဲ့ အောင်သော်နဲ့ ဝေဠုကျော်တို့ကတော့ လက်ရှိ ကိုဗစ်ကာလမှာ ရှိသမျှ အလုပ်တွေ အကုန်လုံးကို ရပ်နားထားပြီး အများအကျိုးအတွက်သာ သယ်ပိုးဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။ အောင်သော်နဲ့ ဝေဠုကျော်တို့ကတော့ ပရဟိတဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတူ အလုပ်လုပ်ကိုင်ခဲ့တာ အခုဆိုရင် (၆) လကျော် အချိန်ရှိနေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အောင်သော်က သူနဲ့ စိတ်တူကိုယ်တူရှိတဲ့ ဆရာအစ်ကို ဝေဠုကျော်ကို သီတင်းကျွတ် ကန်တော့ခဲ့တဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။ “သီတင်းကျွတ်ရောက်တော့မယ်ဆိုတော့။ ကိုဝေကိုကန်တော့တာppeလက်ဆောင်ပြန်ပေးမယ်ဆိုတော့ဘယ်ရမလဲppeဖိုးဘဲတောင်းပြီးပြန်လာတာပေါ့။ ဟီးဟီး” ဆိုပြီး ဆရာ တပည့်နှစ်ယောက်ရဲ့ ကြည်နူးစရာ မြင်ကွင်းလေးကို မျှဝေပေးလာခဲ့ပါတယ်။

အောင်သော်ကတော့ ဆရာလိုလည်း လေးစားရသလို အစ်ကိုတစ်ယောက်လိုလည်း ချစ်ခင်ရတဲ့ ဝေဠုကျော်ကို မမေ့မလျော့နဲ့ ဂါရဝပြုကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သီတင်းကျွတ်မှာ ကိုယ်လေးစားချစ်ခင်ရသူတွေကို ဂါရဝပြုဖို့ မမေ့ကြနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Thaw’s fb
Bilie – Cele Connections