ငယ္စဥ္ကတည္းက အနုပညာကို ဝါသနာပါတဲ့ မင္းသမီးေလး ပိုင္ျဖိဳးသုက ဆရာဝန္တစ္ေယာက္ျဖစ္ေပမယ့္ သူမဝါသနာပါရာ အနုပညာလမ္းကို ရဲရဲဝ့ံဝ့ံေလွ်ာက္လွမ္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္ျဖိဳးသုက သူမရဲ့ ၾကိဳးစားအားထုတ္မႈအေလ်ာက္ ေအာင္ျမင္တဲ့ေနရာတစ္ေနရာကို အခိုင္အမာရရိွေနျပီျဖစ္ျပီး အကယ္ဒမီဆုၾကီးတစ္ဆုကို လက္ဝယ္ပိုင္ဆိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုင္ျဖိဳးသုက သူမထက္ (၈) နွစ္ၾကီးျပီး တည္ျငိမ္ရင့္က်က္လြန္းတဲ့ ဒါရိုက္တာဏၾကီးနဲ့ သာယာတဲ့ အိမ္ေထာင္တစ္ခုကုိ တည္ေဆာက္ထားခဲ့ျပီပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ပိုင္ျဖိဳးသုက ပင္ပင္ပန္းပန္းနဲ့ အိပ္ေပ်ာ္ေနတဲ့ ခ်စ္ဇနီးအတြက္ ေန့လည္စာခ်က္ျပီး အိပ္ယာထဲထိပို့ေပးတဲ့ ခင္ပြန္းျဖစ္သူဏၾကီးအေၾကာင္းကို ေျပာျပလာပါတယ္။ “ေလ့က်င့္ခန္းေတြလုပ္ၿပီး ကိုယ္လက္ေတြကိုက္လို႔ဆိုၿပီးေဆးေသာက္အိပ္လိုက္တာ မအိပ္စဖူးေန႔လယ္၁၁အထိအိပ္ေပ်ာ္သြားတယ္…..😁 ႏိုးလာေတာ့ “ေရာ့….ေန႔လယ္စာျပင္ေပးထားတယ္”ဆိုၿပီး brunch in bed ေလးကိုယ္တိုင္လုပ္ေပးထားေတာ့….ဒီကဝတုတ္ပီတိေတြျဖာေပါ့ 🥰🥰🥰 အသားမစားေသာ ဝိတ္ခ်ေနတဲ့သူ႔မိန္းမ အတြက္ျပင္ဆင္ေပးထားမႈ 😉 ဦးေရခဲ (၁၀၀)မွတ္ 🏅🏆🥇” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာျပလာခဲ့ပါတယ္။

ဒါရိုက္တာဏၾကီးကေတာ့ အေနေအးသူတစ္ေယာက္ျဖစ္ျပီး ပိုင္ျဖိဳးသုေတာင္ “ဦးေရခဲ” လို့ နာမည္ေပးထားရတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အခ်စ္ခံရလြန္းသူေလး ပိုင္ျဖိဳးသုကို ပိုလို့ေတာင္ ခ်စ္သြားၾကမယ္လို့ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Paing Phyoe Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်နေတဲ့ ဇနီးအတွက် နေ့လည်စာချက်ပြီး အိပ်ယာထဲထိပို့ပေးတဲ့ ဏကြီးအကြောင်း ဂုဏ်ယူစွာပြောလာတဲ့ ပိုင်ဖြိုးသု

ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သူမဝါသနာပါရာ အနုပညာလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက သူမရဲ့ ကြိုးစားအားထုတ်မှုအလျောက် အောင်မြင်တဲ့နေရာတစ်နေရာကို အခိုင်အမာရရှိနေပြီဖြစ်ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်ဖြိုးသုက သူမထက် (၈) နှစ်ကြီးပြီး တည်ငြိမ်ရင့်ကျက်လွန်းတဲ့ ဒါရိုက်တာဏကြီးနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်နေတဲ့ ချစ်ဇနီးအတွက် နေ့လည်စာချက်ပြီး အိပ်ယာထဲထိပို့ပေးတဲ့ ခင်ပွန်းဖြစ်သူဏကြီးအကြောင်းကို ပြောပြလာပါတယ်။ “လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်လက်တွေကိုက်လို့ဆိုပြီးဆေးသောက်အိပ်လိုက်တာ မအိပ်စဖူးနေ့လယ်၁၁အထိအိပ်ပျော်သွားတယ်…..😁 နိုးလာတော့ “ရော့….နေ့လယ်စာပြင်ပေးထားတယ်”ဆိုပြီး brunch in bed လေးကိုယ်တိုင်လုပ်ပေးထားတော့….ဒီကဝတုတ်ပီတိတွေဖြာပေါ့ 🥰🥰🥰 အသားမစားသော ဝိတ်ချနေတဲ့သူ့မိန်းမ အတွက်ပြင်ဆင်ပေးထားမှု 😉 ဦးရေခဲ (၁၀၀)မှတ် 🏅🏆🥇” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောပြလာခဲ့ပါတယ်။

ဒါရိုက်တာဏကြီးကတော့ အနေအေးသူတစ်ယောက်ဖြစ်ပြီး ပိုင်ဖြိုးသုတောင် “ဦးရေခဲ” လို့ နာမည်ပေးထားရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းသူလေး ပိုင်ဖြိုးသုကို ပိုလို့တောင် ချစ်သွားကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyoe Thu’s fb
Bilie – Cele Connections