


ယူနီကုဒ်ဖြင့်ဖတ်ရန်

(၃၁) နှစ်ပြည့် မွေးနေ့မှာ အနုပညာကြေးတွေနဲ့ အလှူလေးလုပ်ဖြစ်သလို ကျေးဇူးရှင် ဖခင်ကြီးကိုလည်း သွားရောက် ကန်တော့ခဲ့ကြောင်းပြောလာတဲ့ လိမ္မော်သီး

Rock သီချင်း အကြမ်းစားတွေကို သီဆိုတဲ့ အဆိုတော် လိမ္မော်သီးကတော့ သီချင်းဆိုကောင်းသလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမိုက်စားရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၂၄) ရက်နေ့ကတော့ လိမ္မော်သီးရဲ့ အသက် (၃၁) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လိမ္မော်သီးက သူမရဲ့ မွေးနေ့မှာ ရရှိတဲ့ အနုပညာကြေးတွေနဲ့ အလှူလေးလုပ်ဖြစ်သလို ကျေးဇူးရှင် ဖခင်ကြီးကိုလည်း သွားရောက် ကန်တော့ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“မနက်စောစော ဘုရာပန်း၊သစ်သီးဆွမ်းကပ် 🙏🏻 ပင်ပန်းလို့အိပ်ပျော်နေတဲ့မေကြီးကို ဦးချကန်တော့ 🙏🏻 ဦးအောင်အိမ်မှာကိုးကွယ်ထားရှိတဲ့ (ဘစိုးဥ မြန်မာမှုအနုပညာလက်ရာ) ကျောက်စိမ်းဆင်းတုတော်ဖူးမျှော် 🙏🏻မွေးနေ့ကုသိုလ်နေ့လည်စာအဖြစ် လူ ၂၀၀ စာထမင်း၊ဘဲဥကုလားဟင်းလေးနဲ့ငါးပိကြော် လေးလိုက်ဝေလှူဖြစ်ပါတယ်🙏🏻ဖေကြီးဆီသွားပြီးမွေးနေ့မှာ ကန်တော့ဖြစ်ပါတယ် 🙏🏻 ညနေ စွယ်တော်ဘုရားငါးကန်မှာငါးစာကျွေးကုသိုလ်ယူဖြစ်ပါတယ် 🙏🏻 Live လွှင့်ဈေးရောင်းရင်းရတဲ့အနုပညာကြေးလေးနဲ့စုပြီးတစ်နိုင်တစ်ပိုင်လှူတာမို့ ၇ ရက်သားသမီးကုသိုလ်လည်းဖြစ်ပါတယ် 🙏🏻 သတိတရခေါ်ကြတဲ့ လုပ်ငန်းရှင်များရော ၊ မော် ၃ Live ကိုအားပေးကြတဲ့ချစ်ခင်သူများအားလုံးကို ကျေးဇူးပါနော် 🧡 ကုသိုလ်ထပ်တူရကြပါစေနော် 🙏🏻” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

လိမ္မော်သီးကတော့ သူ့ရဲ့ မွေးနေ့မှာ အလှူလေးပြုလုပ်ခဲ့ပြီး အေးအေးချမ်းချမ်းသာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ လိမ္မော်သီးတစ်ယောက် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ပြီး ပရိသတ်တွေရဲ့အချစ်ကို ဒီထက်မက ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mi Mon Mon Thike’s fb
Bilie – Cele Connections