


Source: Sai Hlwan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူတစ်ယောက်ကို မဝေဖန်ခင် အကြောင်းစုံသိအောင် အရင်လုပ်ဖို့ သတိပေးလာခဲ့တဲ့ စိုင်းလွှမ်း

သရုပ်ဆောင်၊ အဆိုတော် စိုင်းလွှမ်းကတော့ နာမည်ကြီး မင်းသမီး ထက်ထက်မိုးဦးနဲ့ ကွာရှင်းပြီး တစ်ဦးတည်းသောသမီးလေး စစ်လွန်းဝတီထက်ကို ရင်အုပ်မကွာ စောင့်ရှောက်နေသူတစ်ယောက် ဖြစ်ပါတယ်။ စစ်လွန်းဝတီထက်ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သမီးလေးရဲ့ မျက်နှာကြောင့် မိဘတွေကို ပြန်လည်ပေါင်းဖက်စေချင်တဲ့ ဆန္ဒတွေကို ပြောခဲ့ကြတာ ဖြစ်ပြီး စိုင်းလွှမ်းကတော့ ထိုကိစ္စတွေနဲ့ ပက်သတ်ပြီး လာမပြောကြတော့ဖို့ ပြတ်ပြတ်သားသား ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ထက်ထက်မိုးဦးကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ စိုင်းလွှမ်းရဲ့ ဖေ့စ်ဘုတ်စာမျက်နနှာမှာ ဝေဖန်မှုတချို့ကို ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စတွေနဲ့ ပက်သတ်ပြီး စိုင်းလွှမ်းကတော့ “BEFORE YOU JUDGE SOMEONE, GET TO KNOW THEM.” ဆိုပြီး လူတစ်ယောက်ကို မဝေဖန်ခင် အကြောင်းစုံသိအောင် အရင်လုပ်ဖို့ပြောလာခဲ့ပါတယ်။

စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးတို့က ကွာရှင်းခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး စိုင်းလွှမ်းကတော့ သူ့ရဲ့ ဇနီးဟောင်းနဲ့ ဘယ်တော့မှ မပတ်သက်တော့ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Hlwan’s fb
Bilie – Cele Connections