


ယူနီကုဒ်ဖြင့်ဖတ်ရန်

ညအိပ်ချိန်တိုင်း မေမေ့အတွက် သီချင်းဆိုပြီးသိပ်တဲ့ သမီးအလိမ္မာလေး ထိပ်ထိပ်ကို ဗီဒီယိုလေးခိုးရိုက်ပြီး မျှဝေပေးလာတဲ့ ခိုင်သင်းကြည်

ပရိသတ်တွေချစ်တဲ့ မင်းသမီးကြီး ခိုင်သင်းကြည်ကတော့ စိတ်ပျိုလို့ကိုယ်နုဆိုတဲ့ စကားအတိုင်း အသက်ငါးဆယ်နီးပါးအရွယ်ထိ ပြောင်းလဲမှုမရှိလှနေဆဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က သူမအပေါ် သစ္စာရှိပြီး အလိုလိုက် ဂရုစိုက်တဲ့ ခင်ပွန်းနဲ့ လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကြောင့် နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကလည်း အနုပညာကို ဝါသနာပါသူဖြစ်ပြီး ရွှေကြိုမယ်တစ်ယောက်အဖြစ် ပါဝင်ခဲ့သလို ကြော်ငြာတွေမှာလည်း သရုပ်ဆောင်နေပြီဖြစ်တာကို ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။

တစ်ဦးတည်းသော သမီးလေးတစ်ယောက်တည်းကိုသာ မွေးဖွားထားတဲ့ ခိုင်သင်းကြည်ကတော့ ထိပ်ထိပ်လေးကို အရမ်းချစ်သလို ထိပ်ထိပ်လေးကလည်း သူမကို အသက်နဲ့ရင်းပြီး မွေးပေးခဲ့တဲ့မေမေ့ကို မျက်စိအောက်က အပျောက်မခံနိုင်အောင် အရမ်းချစ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်သင်းကြည်က ညအိပ်ချိန်မှာ အမေကို သီချင်းဆိုပြီးသိပ်တဲ့ သမီးအလိမ္မာလေး ထိပ်ထိပ်ကို ဗီဒီယိုလေးခိုးရိုက်ပြီး “အမေကိုသီချင်းဆိုသိပ်နေတဲ့သမီးလေး❤️ သူမသိအောင်ခိုးရိုက်တာ😬” လို့ဆိုကာ အခုလိုပဲ မျှဝေပေးလာပါတယ်။

ခိုင်သင်းကြည်ကတော့ အရမ်းချစ်စရာကောင်းတဲ့ သမီးအလိမ္မာလေးကို ပိုင်ဆိုင်ခွင့်ရရှိထားတာ အရမ်းကံကောင်းတာပဲနော်။ ခိုင်သင်းကြည်တို့ မိသားစုလေး အခုလိုပဲ အမြဲတမ်းပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Thin Kyi’s fb
Bilie – Cele Connections