ပါးချိုင့်လေးနဲ့ ချိုသာတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ကျော်ထက်ဇော်ကတော့ သူ့ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲမှာကတည်းက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျော်ထက်ဇော်က အနုပညာလှုပ်ရှားမှုတွေများစွာကို ပြုလုပ်ခဲ့ပြီး နောက်ဆုံး ထုတ်လွှင့်ပြသခဲ့တဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲမှာလည်း နှစ်ကိုယ်ခွဲကာရိုက်တာကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကျော်ထက်ဇော်က ဒုတိယအကြိမ်ပြန်လည်ပြသတဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲကိုလည်း အစကနေ ပြန်လည်အားပေးတဲ့ ပရိသတ်တွေကြောင့် အံ့သြဝမ်းသာခဲ့ရတာကို တွေ့ရပါတယ်။ ကျော်ထက်ဇော်က “ကျေးဇူးပါ ကျွန်တော့ဇော်ဂျီလေးတို့ရေ 💙💙 စိုင်းနေရောင်လေးကို ဂုဏ်ပြုတဲ့အနေနဲ့ ပို့ပေးကြတာ ထာဝရ သိမ်းထားပါ့မယ်💙” ဆိုပြီး “အမုန်းမှသည်” ဇာတ်လမ်းတွဲထဲက စိုင်းနေရောင်ကာရိုက်တာလေးကို အားပေးတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပြသလာပါတယ်။

ကျော်ထက်ဇော်ကတော့ ဇာတ်လမ်းတွဲတွေမှာသာ မာထန်တဲ့ သူဌေးသားနေရာကနေ သရုပ်ဆောင်တာများပေမယ့် သူ့ရဲ့ လက်တွေ့အပြင်က ပုံစံလေးကတော့ ရိုးရိုးသားသားနဲ့ ဟန်ဆောင်မှု ကင်းတာမို့ ပရိသတ်တွေက ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းတဲ့ ကျော်ထက်ဇော်ကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Htet Zaw’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်