သရုပ္ေဆာင္ ေနျခည္ဦးကေတာ့ ခ်စ္စရာေကာင္းျပီး ပြင့္ပြင့္လင္းလင္း သြက္သြက္လက္လက္ရိွသူမို့ ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို ရရိွပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ အနုပညာရွင္၊ Beauty Blogger၊ Social Infulencer တစ္ေယာက္အျဖစ္ အလုပ္ေတြမ်ားစြာကို လုပ္ကိုင္ေနသလို အလွဴအတန္းေတြကိုလည္း မၾကာခဏဆိုသလို ျပဳလုပ္ေနသူ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေနျခည္ဦးက သူမရဲ့ လုပ္အားဒါနကို အသံုးျပဳျပီး အေရးေပၚျပင္ပလူနာဌာန ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးႏွင့္ အျခား လိုအပ္ေနေသာ ေနရာမ်ားတြင္ လႉဒါန္းသြားမယ့္ အစီအစဥ္ကို ေျပာျပလာပါတယ္။

“ေနျခည့္အတြက္ ပထမဆုံး Live Sales ေလးျဖစ္ၿပီး အထူးျခားဆုံးႏွင့္ အမြန္ျမတ္ဆုံးကေတာ့ She Shines ဘက္မွ LIVE sales အတြင္း ေရာင္းခ်မည့္ ေက်ာက္မ်က္အထည္မ်ားကို အေလ်ာ့တြက္ လက္ခ မယူဘဲ ေစ်းႏႈန္းအသက္သာဆုံးနဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္တဲ့အျပင္ ေနျခည့္ဘက္ကလည္း အႏုပညာေၾကး တစ္ျပားတစ္ခ်ပ္မွမယူပဲ စုစုေပါင္း ေရာင္းရေငြရဲ႕ ၁၀% ကို She Shines Jewelry နဲ႔ Beautybynaychi brand ႏွစ္ခုမွ ပူးေပါင္းၿပီး အေရးေပၚျပင္ပလူနာဌာန ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးႏွင့္ အျခား လိုအပ္ေနေသာ ေနရာမ်ားတြင္ လႉဒါန္းသြားမယ့္ အစီအစဥ္မ်ားလည္း ပါဝင္ပါတယ္ရွင္။”

“ေဈးေရာင္းမွာ ျဖစ္တာေၾကာင့္ အရမ္းလဲ စိတ္လႈပ္ရွားေနတာျဖစ္လို႔ ေနျခည့္ကို ခ်စ္တယ္ဆိုရင္ Live Sales မွာ ေဈးကူေရာင္းေပးၿပီး တစ္ဖက္တစ္လမ္းကေန ကုသိုလ္ဝင္ယူေပးပါလို႔ Chilies ေတြကို ေနျခည္က Request လုပ္ခ်င္ပါတယ္။ လက္ဝတ္ရတနာေတြကို ႏွစ္ၿခိဳက္တဲ့ Chillies ေလးေတြရွိရင္လည္း ေနျခည့္ရဲ႕ Live Sales ေလး မွာ ပါဝင္အားေပးေပးပါဦးလို႔ ေနာ္ေနာ္ 🥰🥰။ ” ဆိုျပီး ခ်စ္ရတဲ့ ပရိသတ္ေတြကို အသိေပးထားတာပဲ ျဖစ္ပါတယ္။

ေနျခည္ဦးကေတာ့ ေငြေၾကးေၾကာင့္မဟုတ္ပဲ သူမကိုယ္တိုင္ လုပ္အားပါဝင္တဲ့ အလွဴေလးအတြက္ အြန္လိုင္းကေန လက္ဝတ္ရတနာမ်ား ေရာင္းခ်ေပးမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနုပညာကြေလုံးဝမယူပဲ အွန်လိုင်းမှာ လက်ဝတ်ရတနာများရောင်းချရငွေရဲ့ ၁၀% ကို လှူဒါန်းမယ့် အစီအစဉ်လေးကိုပြောလာတဲ့ နေခြည်ဦး

သရုပ်ဆောင် နေခြည်ဦးကတော့ ချစ်စရာကောင်းပြီး ပွင့်ပွင့်လင်းလင်း သွက်သွက်လက်လက်ရှိသူမို့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ အနုပညာရှင်၊ Beauty Blogger၊ Social Infulencer တစ်ယောက်အဖြစ် အလုပ်တွေများစွာကို လုပ်ကိုင်နေသလို အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်နေသူ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက သူမရဲ့ လုပ်အားဒါနကို အသုံးပြုပြီး အရေးပေါ်ပြင်ပလူနာဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အခြား လိုအပ်နေသော နေရာများတွင် လှူဒါန်းသွားမယ့် အစီအစဉ်ကို ပြောပြလာပါတယ်။

“နေခြည့်အတွက် ပထမဆုံး Live Sales လေးဖြစ်ပြီး အထူးခြားဆုံးနှင့် အမွန်မြတ်ဆုံးကတော့ She Shines ဘက်မှ LIVE sales အတွင်း ရောင်းချမည့် ကျောက်မျက်အထည်များကို အလျော့တွက် လက်ခ မယူဘဲ ဈေးနှုန်းအသက်သာဆုံးနဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် နေခြည့်ဘက်ကလည်း အနုပညာကြေး တစ်ပြားတစ်ချပ်မှမယူပဲ စုစုပေါင်း ရောင်းရငွေရဲ့ ၁၀% ကို She Shines Jewelry နဲ့ Beautybynaychi brand နှစ်ခုမှ ပူးပေါင်းပြီး အရေးပေါ်ပြင်ပလူနာဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အခြား လိုအပ်နေသော နေရာများတွင် လှူဒါန်းသွားမယ့် အစီအစဉ်များလည်း ပါဝင်ပါတယ်ရှင်။”

“ဈေးရောင်းမှာ ဖြစ်တာကြောင့် အရမ်းလဲ စိတ်လှုပ်ရှားနေတာဖြစ်လို့ နေခြည့်ကို ချစ်တယ်ဆိုရင် Live Sales မှာ ဈေးကူရောင်းပေးပြီး တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ဝင်ယူပေးပါလို့ Chilies တွေကို နေခြည်က Request လုပ်ချင်ပါတယ်။ လက်ဝတ်ရတနာတွေကို နှစ်ခြိုက်တဲ့ Chillies လေးတွေရှိရင်လည်း နေခြည့်ရဲ့ Live Sales လေး မှာ ပါဝင်အားပေးပေးပါဦးလို့ နော်နော် 🥰🥰။ ” ဆိုပြီး ချစ်ရတဲ့ ပရိသတ်တွေကို အသိပေးထားတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ ငွေကြေးကြောင့်မဟုတ်ပဲ သူမကိုယ်တိုင် လုပ်အားပါဝင်တဲ့ အလှူလေးအတွက် အွန်လိုင်းကနေ လက်ဝတ်ရတနာများ ရောင်းချပေးမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie – Cele Connections