လူငယ္ အဆိုေတာ္ အုပ္စိုးခန့္က အသံခ်ိဳခ်ိဳေလးနဲ့ သီခ်င္းေကာင္းေလးေတြကို သီဆိုတတ္တာမို့ မိန္းကေလးပရိသတ္ေတြရဲ့ အခိုင္အမာ ဝန္းရံအားေပးျခင္းကို ရရိွထားတာ ျဖစ္ပါတယ္။ အုပ္စုိးခန့္ကေတာ့ သီခ်င္းဆိုတာအျပင္ သရုပ္ေဆာင္ဘက္ကိုလည္း ဝါသနာပါျပီး ျပီးခဲ့တဲ့နွစ္အတြင္းက “အိပ္မက္ေတြမိုးထားတဲ့အိမ္” ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။ အုပ္စိုးခန့္ကေတာ့ လက္ရိွမွာ အသက္ (၁၈) နွစ္ စြန္းစြန္းအရြယ္သာရိွေသးေပမယ့္ ေအာင္ျမင္မႈလမ္းမေပၚကို စတင္ေရာက္ရိွေနတာ အားက်စရာပါပဲေနာ္။

လူငယ္ေပမယ့္ ေစတနာ သဒၵါတရားမနည္းလွတဲ့ အုပ္စိုးခန့္က မေန့က ေအာက္တိိုဘာလ (၂၃) ရက္ေန့မွာလည္း မြန္ျမတ္လွတဲ့ ေကာင္းမႈကုသိုလ္ေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အုပ္စိုးခန့္က ဧရာဝတီ ကိုဗစ္ကုသေရးစင္တာမွာ ေငြက်ပ္ (၁၁) သိန္းနဲ့ (၁) ေသာင္းဖို့ တန္ဖိုးရိွတဲ့ အမ်ိဳးသမီး လစဥ္သံုးပစၥည္းေတြကို လွဴဒါန္းေပးခဲ့ေၾကာင္း သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားတာပဲ ျဖစ္ပါတယ္။

အုပ္စိုးခန့္ကေတာ့ စားေသာက္ဖြယ္ရာ၊ ေဆးဝါးပစၥည္းေတြအျပင္ မရိွမျဖစ္ လိုအပ္တဲ့ လူသံုးကုန္ပစၥည္းကို စိတ္ကူးေကာင္းေကာင္းနဲ့ လွဴဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း အုပ္စိုးခန့္ရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Oak Soe Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့အကြိုကုသိုလ်အဖြစ် ဧရာဝတီစင်တာမှာ ငွေကျပ် (၁၁) သိန်းကျော်တန်ဖိုးရှိ အမျိုးသမီးလစဉ်သုံးပစ္စည်းများ လှူဒါန်းခဲ့တဲ့ အုပ်စိုးခန့်

လူငယ် အဆိုတော် အုပ်စိုးခန့်က အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တာမို့ မိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံအားပေးခြင်းကို ရရှိထားတာ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ်အတွင်းက “အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အုပ်စိုးခန့်ကတော့ လက်ရှိမှာ အသက် (၁၈) နှစ် စွန်းစွန်းအရွယ်သာရှိသေးပေမယ့် အောင်မြင်မှုလမ်းမပေါ်ကို စတင်ရောက်ရှိနေတာ အားကျစရာပါပဲနော်။

လူငယ်ပေမယ့် စေတနာ သဒ္ဒါတရားမနည်းလှတဲ့ အုပ်စိုးခန့်က မနေ့က အောက်တိုဘာလ (၂၃) ရက်နေ့မှာလည်း မွန်မြတ်လှတဲ့ ကောင်းမှုကုသိုလ်လေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အုပ်စိုးခန့်က ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ ငွေကျပ် (၁၁) သိန်းနဲ့ (၁) သောင်းဖို့ တန်ဖိုးရှိတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။

အုပ်စိုးခန့်ကတော့ စားသောက်ဖွယ်ရာ၊ ဆေးဝါးပစ္စည်းတွေအပြင် မရှိမဖြစ် လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းကို စိတ်ကူးကောင်းကောင်းနဲ့ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အုပ်စိုးခန့်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Oak Soe Khant’s fb
Bilie – Cele Connections