ပရဟိတမင္းသားၾကီးျဖစ္တဲ့ ေက်ာ္သူကေတာ့ အမ်ားအက်ိဳးနဲ့ ပက္သတ္လာရင္ ေရွ့ဆံုးကေန တက္တက္ၾကြၾကြ ပါဝင္လႈပ္ရွားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေက်ာ္သူက နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ့ ဥကၠဌတစ္ေယာက္ျဖစ္ျပီး သူ့ရဲ့ နာကူအဖြဲ့မွာ အနုပညာရွင္အခ်ိဳ့လည္း ေစတနာ့လုပ္အားေပးမ်ားအျဖစ္ တာဝန္ယူေဆာင္ရြက္ေနၾကတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေက်ာ္သူက Covid -19 ေရာဂါပိုးကူးစက္ခံခဲ့ရတာေၾကာင့္ ေဝဘာဂီေဆးရံုမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေက်ာ္သူက သူ့ကို အနီးကပ္ေစာင့္ေရွာက္ေပးေနသူ ထြန္းကိုကို ကို Swab testing လာေရာက္ျပဳလုပ္ေနျပီျဖစ္ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “ကိုယ့္သူစစ္ သူ႔ဆရာဝန္စစ္ၿပီ။ ယေန႔ ရဲေဘာ္ရဲဘက္ႀကီး ကိုထြန္းကိုကိုက ကြၽန္ေတာ့္အားဆီးခ်ိဳေသြးခ်ိဳစစ္ရန္ ကူညီေဆာင္႐ြက္ေပးကာ ၊ ဆရာဝန္မ်ားကလည္း ကိုထြန္းကိုကိုအားလာေရာက္၍ Swab testing လာေရာက္ျပဳလုပ္ၿပီျဖစ္သည္။ ကံေကာင္းပါေစ …. ရဲေဘာ္ထြန္းကိုကို။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားပါတယ္။၏

ထြန္းကိုကိုကေတာ့ Covid -19 ေရာဂါပိုးရိွသူ ေက်ာ္သူကို ျပဳစုေစာင့္ေရွာက္ဖို့ သူ့ကိုယ္သူ ေရာဂါကူးနိုင္ေျခအရမ္းမ်ားမွန္းသိလ်က္နဲ့ ေဆးရံုမွာ ေဆးကုသမႈခံယူခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ထြန္းကိုကိုတစ္ေယာက္ ေဆးစစ္ခ်က္အေျဖေကာင္းမြန္ေစဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသူ ထွန်းကိုကိုရဲ့ Swab testing ဆေးစစ်ချက်အဖြေကောင်းမွန်စေဖို့ ဆုတောင်းပေးနေတဲ့ ကျော်သူ

ပရဟိတမင်းသားကြီးဖြစ်တဲ့ ကျော်သူကတော့ အများအကျိုးနဲ့ ပက်သတ်လာရင် ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်သူက နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နာကူအဖွဲ့မှာ အနုပညာရှင်အချို့လည်း စေတနာ့လုပ်အားပေးများအဖြစ် တာဝန်ယူဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်သူက Covid -19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကျော်သူက သူ့ကို အနီးကပ်စောင့်ရှောက်ပေးနေသူ ထွန်းကိုကို ကို Swab testing လာရောက်ပြုလုပ်နေပြီဖြစ်ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ကိုယ့်သူစစ် သူ့ဆရာဝန်စစ်ပြီ။ ယနေ့ ရဲဘော်ရဲဘက်ကြီး ကိုထွန်းကိုကိုက ကျွန်တော့်အားဆီးချိုသွေးချိုစစ်ရန် ကူညီဆောင်ရွက်ပေးကာ ၊ ဆရာဝန်များကလည်း ကိုထွန်းကိုကိုအားလာရောက်၍ Swab testing လာရောက်ပြုလုပ်ပြီဖြစ်သည်။ ကံကောင်းပါစေ …. ရဲဘော်ထွန်းကိုကို။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ထွန်းကိုကိုကတော့ Covid -19 ရောဂါပိုးရှိသူ ကျော်သူကို ပြုစုစောင့်ရှောက်ဖို့ သူ့ကိုယ်သူ ရောဂါကူးနိုင်ခြေအရမ်းများမှန်းသိလျက်နဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ထွန်းကိုကိုတစ်ယောက် ဆေးစစ်ချက်အဖြေကောင်းမွန်စေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections