နိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ သရုပ္ေဆာင္၊ ဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ ေက်ာ္သူက ကိုဗစ္ကာလအတြင္းမွာ အမ်ားအက်ိဳး သယ္ပိုးေဆာင္ရြက္ရင္း Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။ ေက်ာ္သူက လက္ရိွမွာေတာ့ ေျမာက္ဥကၠလာေဆးရံုၾကီးမွာ ေဆးကုသမႈခံယူေနရတာျဖစ္ျပီး ေနေကာင္းက်န္းမာေနလ်က္ရိွပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္သူက ေဝဘာဂီမွာ ေဆးကုသမႈခံယူေနတုန္း မိုင္းဖုန္းဆရာေတာ္ၾကီး ၾကြလာတဲ့ ျဖစ္ရပ္မွန္တစ္ခုကို အခုလိုပဲ ေျပာျပလာတာ ေတြ့ရပါတယ္။

“ေဝဘာဂီ သို႔ႂကြေရာက္လာသည့္ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီး။ ယမန္ေန႔ညဖက္ ေဝဘာဂီေဆး႐ုံတြင္ ညမအိပ္ခင္ လြယ္အိတ္ထဲမွ မိမိကိုယ္ႏွင့္မကြာယူေဆာင္ေလ့ရွိေသာ သာသနာျပဳလြယ္အိတ္ငယ္ေလးထဲမွ မိုင္းဖုန္းဆရာေတာ္ႀကီး၏ပုံေတာ္ အေသးအားေခါင္းအုံးေပၚတင္၍ ဘုရားဝတ္ျပဳ၊ဂုဏ္ေတာ္ပြားကာ နဂါးမင္းမ်ားအားေမတၱာပို႔သခဲ့ပါသည္။ ယေန႔နံနက္စာ စားအၿပီး မိမိအား လူႀကဳံပစၥည္းရ၍ၾကည့္လိုက္ရာ အစားအေသာက္ဒါနျပဳသူတို႔၏စားဖြယ္ရာမ်ားအျပင္ စာအိတ္အညိဳအႀကီးတစ္ခုပါလာ၍ ဖြင့္ၾကည့္လိုက္ရာ မိုင္းဖုန္းဆရာေတာ္ႀကီး၏ပုံေတာ္အႀကီးႏွင့္ ပရိတ္ရည္ဗူး၊အေဆာင္လက္ပါတ္ႀကိဳးတို႔အားဝမ္းေျမာက္ပီတိျဖစ္ကာ ျမင္ေတြ႕ရေတာ့သည္။”

“ယေန႔ညအဖို႔ေတာ့ ႂကြေရာက္လာသည့္ မိုင္းဖုန္းဆရာေတာ္ႀကီး၏ပုံေတာ္ႀကီးကား ကုတင္ေဘးရွိစားပြဲေပၚတြင္ အနီးကပ္ သီတင္းသုံးလ်က္ရွိေနၿပီျဖစ္ ေတာ့သည္။ ကိုဗစ္ကပ္ေဘးေရာဂါ အျမန္ခ်ဳပ္ၿငိမ္းေပ်ာက္ကြယ္ပါေစသား။ တစ္ကမာၻလုံး ၿငိမ္းခ်မ္းသာယာဝေျပာၾကပါေစ။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။

ေက်ာ္သူကေတာ့ ေဆးရံုတက္ေနစဥ္အတြင္းမွာ စိတ္ေရာလူပါ ေအးခ်မ္းေအာင္ တရားအားထုတ္ရင္း ေဆးကုသမႈေတြကို ခံယူေနလ်က္ရိွပါတယ္။ ေက်ာ္သူတစ္ေယာက္ အျမန္ဆံုး ေနေကာင္းသက္သာျပီး အိမ္ျပန္နိုင္ပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဝေဘာဂီမှာ ဆေးကုသမှုခံယူနေတုန်း မိုင်းဖုန်းဆရာတော်ကြီး ကြွလာတဲ့ ဖြစ်ရပ်မှန်တစ်ခုကို ပြောပြလာတဲ့ ကျော်သူ

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကျော်သူက ကိုဗစ်ကာလအတွင်းမှာ အများအကျိုး သယ်ပိုးဆောင်ရွက်ရင်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျော်သူက လက်ရှိမှာတော့ မြောက်ဥက္ကလာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး နေကောင်းကျန်းမာနေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက ဝေဘာဂီမှာ ဆေးကုသမှုခံယူနေတုန်း မိုင်းဖုန်းဆရာတော်ကြီး ကြွလာတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခုလိုပဲ ပြောပြလာတာ တွေ့ရပါတယ်။

“ဝေဘာဂီ သို့ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီး။ ယမန်နေ့ညဖက် ဝေဘာဂီဆေးရုံတွင် ညမအိပ်ခင် လွယ်အိတ်ထဲမှ မိမိကိုယ်နှင့်မကွာယူဆောင်လေ့ရှိသော သာသနာပြုလွယ်အိတ်ငယ်လေးထဲမှ မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော် အသေးအားခေါင်းအုံးပေါ်တင်၍ ဘုရားဝတ်ပြု၊ဂုဏ်တော်ပွားကာ နဂါးမင်းများအားမေတ္တာပို့သခဲ့ပါသည်။ ယနေ့နံနက်စာ စားအပြီး မိမိအား လူကြုံပစ္စည်းရ၍ကြည့်လိုက်ရာ အစားအသောက်ဒါနပြုသူတို့၏စားဖွယ်ရာများအပြင် စာအိတ်အညိုအကြီးတစ်ခုပါလာ၍ ဖွင့်ကြည့်လိုက်ရာ မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော်အကြီးနှင့် ပရိတ်ရည်ဗူး၊အဆောင်လက်ပါတ်ကြိုးတို့အားဝမ်းမြောက်ပီတိဖြစ်ကာ မြင်တွေ့ရတော့သည်။”

“ယနေ့ညအဖို့တော့ ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော်ကြီးကား ကုတင်ဘေးရှိစားပွဲပေါ်တွင် အနီးကပ် သီတင်းသုံးလျက်ရှိနေပြီဖြစ် တော့သည်။ ကိုဗစ်ကပ်ဘေးရောဂါ အမြန်ချုပ်ငြိမ်းပျောက်ကွယ်ပါစေသား။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာဝပြောကြပါစေ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကျော်သူကတော့ ဆေးရုံတက်နေစဉ်အတွင်းမှာ စိတ်ရောလူပါ အေးချမ်းအောင် တရားအားထုတ်ရင်း ဆေးကုသမှုတွေကို ခံယူနေလျက်ရှိပါတယ်။ ကျော်သူတစ်ယောက် အမြန်ဆုံး နေကောင်းသက်သာပြီး အိမ်ပြန်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections