Source: Ah Boy’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ချစ်ဇနီးမြတ်ရတနာကျော်ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို လိုက်ကြည့်ပြီး ဟာသဉာဏ်ရွှင်ရွှင်နဲ့ အရွှန်းဖောက်စနောက်ခဲ့တဲ့ Ah Boy
အဆိုတော် Ah Boy ကတော့ အနုပညာအလုပ်တွေနဲ့ အတော်ကြာအလှမ်းဝေးခဲ့ပြီး မကြာသေးခင်အချိန်ကမှ ချမ်းမြေ့မောင်ချိုနဲ့အတူတူ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေးကို ထွက်ရှိခဲ့ကာ ဂီတလောကမှာ ဒုတိယအကြိမ် ပြန်လည်အခြေချဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ Ah Boy ကတော့ စီးပွားရေးအလုပ်တွေမှာလည်း ဦးဆောင်နေသလို မိသားစုအတွက်လည်း တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ Ah Boy ကတော့ ပရိသတ်တွေကြားမှာသာမက ရင်းနှီးခင်မင်သူတွေအကြားမှာပါ ချစ်ခင်သူများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
အမြဲတမ်း ရွှတ်ရွှတ်နောက်နောက်နေတတ်ပြီး ပူပင်စရာမှန်သမျှကို မစဉ်းစားတတ်တဲ့ Ah Boy ကတော့ သူနဲ့ အနီးကပ်ရှိသူ ဇနီးလေး မြတ်ရတနာကျော်ကိုလည်း ခဏခဏစနောက်လေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Ah Boy က “ကိုယ့်ရဲ့ အကြည့်တွေအောက်မှာ ကျဆုံးသွားမှာကြောက်လို့ အောက်ပဲစိုက်ကြည့်နေသော မိန်းမ… 🙂” ဆိုပြီး ဓာတ်ပုံထဲမှာ အိုက်တင်လုပ်နေတဲ့ ချစ်ဇနီးကို စနောက်ကျီစယ်ခဲ့တာကို တွေ့ရပါတယ်။
Ah Boy ကတော့ ချစ်ဇနီးမြတ်ရတနာကျော်ရဲ့ အပြုအမူတိုင်းကို လိုက်ကြည့်ပြီး ဟာသဉာဏ်ရွှင်ရွှင်နဲ့ ပြောတတ်ဆိုတတ်တာပဲနော်။ ပရိသတ်ကြီးလည်း Ah Boy ရဲ့အပြောကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Ah Boy’s fb
Bilie – Cele Connections