အဆင္းလွသလို အခ်င္းလည္းလွတယ္ဆိုတဲ့ စကားနဲ့ ထပ္တူက်တဲ့ မင္းသမီးေခ်ာေလး စမိုင္းလ္ကေတာ့ တစ္ေန့တစ္ျခား ပစၥည္းဥစၥာေတြ တိုးပြားလာတာနဲ့အမွ် အလွဴအတန္းေတြကို လက္နဲ့မကြာ လွဴဒါန္းေနသူတစ္ေယာက္ ျဖစ္ပါတယ္။ လတ္တေလာမွာလည္း စမိုင္းလ္က သူမခင္ပြန္း ကိုျပည့္ေမာင္ရဲ့ ေမြးေန့အလွဴအျဖစ္ တစ္ရက္ကို ေငြ (၁) သိန္းနႈန္းနဲ့ လူ (၂၂) ေယာက္ကို လွဴဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ စမိုင္းလ္က လက္ရိွ လူမႈကြန္ယက္စာမ်က္နွာမွာ ေရပန္းစားေနတဲ့ သူမရဲ့ ထက္ထက္မိုးဦးၾကားက ရယ္စရာ ကြာျခားခ်က္တစ္ခုေၾကာင့္ သေဘာက်မဆံုးျဖစ္ေနတာကို ေတြ့ရပါတယ္။

စမိုင္းလ္က သူမနဲ့ ထက္ထက္မိုးဦးအေၾကာင္းကို “ျမန္မာႏိုင္ငံမွာ ပိုက္ဆံကို ထားစရာေနရာမရွိေလာက္ေအာင္ခ်မ္းသာေနတဲ့သူေတြကို ေတြ႕ခ်င္ရင္ ထက္ထက္ မိုးဦးရဲ႕ live မွာေတြ႕ႏိုင္ၿပီး ဒုကၡေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ဆင္းရဲေနပါတယ္ဆိုတဲ့ သူေတြကိုေတာ့ Smileရဲ႕ ပို႔စ္ေတြေအာက္မွာ ေတြ႕ႏိုင္ပါတယ္… မယုံသြားၾကည့္ 🤣🤣🤣။ တကယ္ပါဆို 😁😁” ဆိုျပီး ရယ္စရာအျဖစ္ ေရးသားထားတဲ့ ပိုစ့္ကို သေဘာက်စြာနဲ့ ျပန္လည္ မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

မူရင္းေရးသားသူေရးထားသလိုပဲ စမိုင္းလ္ကေတာ့ ဒုကၡဆင္းရဲေရာက္ေနသူေတြကို လွဴဒါန္းေပးေနတာမို့ သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အကူအညီေတာင္းသူေတြနဲ့ ျပည့္နွက္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စမိုင္းလ္နဲ့ ထက္ထက္မိုးဦးၾကားက ကြာျခားခ်က္ေလးကို သေဘာက်ၾကမယ္လုိ့ ေမွ်ာ္လင့္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Smile’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာ ရေပန်းစားနေတဲ့ သူမရဲ့ ထက်ထက်မိုးဦးကြားက ရယ်မောစရာ ကွာခြားချက်တစ်ခုကြောင့် သဘောကျမဆုံးဖြစ်နေတဲ့ စမိုင်းလ်

အဆင်းလှသလို အချင်းလည်းလှတယ်ဆိုတဲ့ စကားနဲ့ ထပ်တူကျတဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ တစ်နေ့တစ်ခြား ပစ္စည်းဥစ္စာတွေ တိုးပွားလာတာနဲ့အမျှ အလှူအတန်းတွေကို လက်နဲ့မကွာ လှူဒါန်းနေသူတစ်ယောက် ဖြစ်ပါတယ်။ လတ်တလောမှာလည်း စမိုင်းလ်က သူမခင်ပွန်း ကိုပြည့်မောင်ရဲ့ မွေးနေ့အလှူအဖြစ် တစ်ရက်ကို ငွေ (၁) သိန်းနှုန်းနဲ့ လူ (၂၂) ယောက်ကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်က လက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာ ရေပန်းစားနေတဲ့ သူမရဲ့ ထက်ထက်မိုးဦးကြားက ရယ်စရာ ကွာခြားချက်တစ်ခုကြောင့် သဘောကျမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

စမိုင်းလ်က သူမနဲ့ ထက်ထက်မိုးဦးအကြောင်းကို “မြန်မာနိုင်ငံမှာ ပိုက်ဆံကို ထားစရာနေရာမရှိလောက်အောင်ချမ်းသာနေတဲ့သူတွေကို တွေ့ချင်ရင် ထက်ထက် မိုးဦးရဲ့ live မှာတွေ့နိုင်ပြီး
ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ ဆင်းရဲနေပါတယ်ဆိုတဲ့ သူတွေကိုတော့ Smileရဲ့ ပို့စ်တွေအောက်မှာ တွေ့နိုင်ပါတယ်… မယုံသွားကြည့် 🤣🤣🤣။ တကယ်ပါဆို 😁😁” ဆိုပြီး ရယ်စရာအဖြစ် ရေးသားထားတဲ့ ပိုစ့်ကို သဘောကျစွာနဲ့ ပြန်လည် မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူရေးထားသလိုပဲ စမိုင်းလ်ကတော့ ဒုက္ခဆင်းရဲရောက်နေသူတွေကို လှူဒါန်းပေးနေတာမို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အကူအညီတောင်းသူတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်နဲ့ ထက်ထက်မိုးဦးကြားက ကွာခြားချက်လေးကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Smile’s fb
Bilie – Cele Connections