အလွမယ္တစ္ေယာက္အျဖစ္ကေန ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း ပရိသတ္အားေပးမႈကို ရရိွလာခဲ့တဲ့ မင္းသမီးေခ်ာေလး မိုးယုစံကေတာ့ အခုဆိုရင္ အိမ္ေထာင္ရွင္မၾကီးတစ္ေယာက္ ျဖစ္လို့ေနျပီ ျဖစ္ပါတယ္။ အိမ္ေထာင္ရွင္ ကေလးေမေမျဖစ္သြားေပမယ့္ မိုးယုစံကေတာ့ သူမကို ခ်စ္ၾကတဲ့ ပရိသတ္ေတြနဲ့ အဆက္အသြယ္ ျပတ္ေတာက္သြားျခင္းမရိွေအာင္ သူမရဲ့ တစ္ေန့တာ လႈပ္ရွားမႈေလးေတြကို ခ်ျပေနလ်က္ရိွပါတယ္။ ပရိသတ္ေတြကလည္း မိုးယုစံတစ္ေယာက္ အရင္ကလို ဇာတ္ကားေတြ မရိုက္ျဖစ္ေသးေပမယ့္လည္း အခ်စ္ေတြမေလ်ာ့စမ္း အားေပးေနၾကဆဲ ျဖစ္ပါတယ္။

အခုဆိုရင္ ဒုတိယေျမာက္ သားေလးကို ကိုယ္ဝန္လြယ္ေဆာင္ထားေနရတဲ့ မိုးယုစံကေတာ့ ကိုယ္ဝန္ေဆာင္တစ္ေယာက္ပီပီ အစစ အရာရာမွာ ဂရုတစိုက္ ေနထုိင္ေနရတာပဲ ျဖစ္ပါတယ္။ မိသားစုနဲ့ ခင္ပြန္းအျပင္ သားေလး ေကာင္းသိခၤမိုးသူကလည္း ေမေမ့ကို ဂရုတစိုက္ရိွေပးေနတဲ့ အေၾကာင္းကို မိုးယုစံက ဒီကေန့မွာေတာ့ ျပသလာခဲ့ပါတယ္။ မိုးယုစံက “လိမၼာ လားဆိုေတာ့ လိမၼာတာေပါ့ တစ္ခါတစ္ေလပဲဆိုးခ်င္တဲ့ခ်စ္တုံးႀကီး🥰🥰🥰” ဆိုျပီး ေဆာ့ေနရင္းတန္းလန္းနဲ့ ေမေမ့ကို ေစာင္လာျခံဳေပးတဲ့ သားၾကီးရဲ့ ဗီဒီယိုကို အခုလိုပဲ မွ်ေဝေပးထားတာ ျဖစ္ပါတယ္။

မိုးယုစံကေတာ့ သူမကို အရမ္းခ်စ္ျပီး လိုေလေသးမရိွ ဂရုစိုက္တဲ့ခင္ပြန္း၊ ခ်စ္စရာေကာင္းျပီး သိတတ္လိမၼာတဲ့ သားေလးေၾကာင့္ ေန့ရက္တိုင္းမွာ စိတ္ခ်မ္းသာေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ခ်စ္စရာေကာင္းသလို လိမၼာေရးျခားလည္းရိွတဲ့ ေကာင္းသိခၤမိုးသူေလးကို ပိုလို့ေတာင္ ခ်စ္သြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Moe Yu San’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဗိုက်ထဲမှာ ဘေဘီလေးလွယ်ထားတဲ့ မေမေ့ကို ဂရုတစိုက်ရှိလွန်းတဲ့ သားကြီးကောင်းသိင်္ခမိုးသူအကြောင်း ပြသလာတဲ့ မိုးယုစံရဲ့ ဗီဒီယို

အလှမယ်တစ်ယောက်အဖြစ်ကနေ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိလာခဲ့တဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အခုဆိုရင် အိမ်ထောင်ရှင်မကြီးတစ်ယောက် ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ အိမ်ထောင်ရှင် ကလေးမေမေဖြစ်သွားပေမယ့် မိုးယုစံကတော့ သူမကို ချစ်ကြတဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခြင်းမရှိအောင် သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို ချပြနေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း မိုးယုစံတစ်ယောက် အရင်ကလို ဇာတ်ကားတွေ မရိုက်ဖြစ်သေးပေမယ့်လည်း အချစ်တွေမလျော့စမ်း အားပေးနေကြဆဲ ဖြစ်ပါတယ်။

အခုဆိုရင် ဒုတိယမြောက် သားလေးကို ကိုယ်ဝန်လွယ်ဆောင်ထားနေရတဲ့ မိုးယုစံကတော့ ကိုယ်ဝန်ဆောင်တစ်ယောက်ပီပီ အစစ အရာရာမှာ ဂရုတစိုက် နေထိုင်နေရတာပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ ခင်ပွန်းအပြင် သားလေး ကောင်းသိင်္ခမိုးသူကလည်း မေမေ့ကို ဂရုတစိုက်ရှိပေးနေတဲ့ အကြောင်းကို မိုးယုစံက ဒီကနေ့မှာတော့ ပြသလာခဲ့ပါတယ်။ မိုးယုစံက “လိမ္မာ လားဆိုတော့ လိမ္မာတာပေါ့ တစ်ခါတစ်လေပဲဆိုးချင်တဲ့ချစ်တုံးကြီး🥰🥰🥰” ဆိုပြီး ဆော့နေရင်းတန်းလန်းနဲ့ မေမေ့ကို စောင်လာခြုံပေးတဲ့ သားကြီးရဲ့ ဗီဒီယိုကို အခုလိုပဲ မျှဝေပေးထားတာ ဖြစ်ပါတယ်။

မိုးယုစံကတော့ သူမကို အရမ်းချစ်ပြီး လိုလေသေးမရှိ ဂရုစိုက်တဲ့ခင်ပွန်း၊ ချစ်စရာကောင်းပြီး သိတတ်လိမ္မာတဲ့ သားလေးကြောင့် နေ့ရက်တိုင်းမှာ စိတ်ချမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ချစ်စရာကောင်းသလို လိမ္မာရေးခြားလည်းရှိတဲ့ ကောင်းသိင်္ခမိုးသူလေးကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Yu San’s fb
Bilie – Cele Connections