မင္းသားၾကီး လြင္မိုးကေတာ့ တစ္ခ်ိန္က ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ျပီး အကယ္ဒမီဆုေတြမ်ားစြာကို ရရိွပိုင္ဆိုင္ထားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လြင္မိုးကေတာ့ သူ့ရဲ့ အနုပညာအလုပ္အေပၚ တာဝန္ေက်သူတစ္ေယာက္ျဖစ္ခဲ့သလို လုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း ညီအစ္ကို ေမာင္နွမလို ခင္မင္ရင္းနွီးသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း လြင္မိုးနဲ့အလုပ္အတူတူလုပ္တဲ့ အနုပညာရွင္ေတြၾကားမွာ “ေမာင္မိုး” လို့ နာမည္ၾကီးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ လြင္မိုးက အစ္ကိုလို၊ အေဖလိုခ်စ္ရတဲ့ မင္းသားၾကီး ေမာင္လြင္အတြက္ ေမြးေန့ဆုေတာင္းေပးခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။ “၁၉၃၅…ခုႏွစ္ဖြား….၈၅..ဘႀကီး​ေအာင္..​ေရ..က်မ္းမာျခင္း…​ေပ်ာ္႐ြင္ျခင္း…ခ်စ္ရခင္ရသူ​ေတြနဲ႔ ႏွစ္​ေပါင္း (၁၀၀P မက အတူတကြ​ေနထိုင္ျခင္း၊ တရားဘဝနာအားထုတ္ျခင္း၊ ခ်စ္​ေသာအႏုပညာအလုပ္မ်ားအားမျပတ္​ေဆာင္႐ြတ္နိင္ျခင္း…ျဖစ္..ျခင္းမ်ားစြာမကျပည့္စုံပါ​ေစ​ေၾကာင္း..ဆုမြန္​ေကာင္း​ေတာင္းလိုက္ပါသည္…..” ဆိုျပီး ေမြးေန့ဆုမြန္ေကာင္းေတာင္းခဲ့တာပဲ ျဖစ္ပါတယ္။

မင္းသားၾကီး ေအာင္လြင္နဲ့ လြင္မိုးတို့ကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာလည္း အတူတူ သရုပ္ေဆာင္ခဲ့ဖူးၾကသလို အျပင္မွာလည္း သြားအတူ ၊ စားအတူရိွၾကသူေတြ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Lwin Moe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အစ်ကိုလို၊ အဖေလိုချစ်ရတဲ့ မင်းသားကြီး အောင်လွင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ လွင်မိုး

မင်းသားကြီး လွင်မိုးကတော့ တစ်ချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အကယ်ဒမီဆုတွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လွင်မိုးကတော့ သူ့ရဲ့ အနုပညာအလုပ်အပေါ် တာဝန်ကျေသူတစ်ယောက်ဖြစ်ခဲ့သလို လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ညီအစ်ကို မောင်နှမလို ခင်မင်ရင်းနှီးသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လွင်မိုးနဲ့အလုပ်အတူတူလုပ်တဲ့ အနုပညာရှင်တွေကြားမှာ “မောင်မိုး” လို့ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လွင်မိုးက အစ်ကိုလို၊ အဖေလိုချစ်ရတဲ့ မင်းသားကြီး မောင်လွင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ “၁၉၃၅…ခုနှစ်ဖွား….၈၅..ဘကြီးအောင်..ရေ..ကျမ်းမာခြင်း…ပျော်ရွင်ခြင်း…ချစ်ရခင်ရသူတွေနဲ့ နှစ်ပေါင်း (၁၀၀P မက အတူတကွနေထိုင်ခြင်း၊ တရားဘဝနာအားထုတ်ခြင်း၊ ချစ်သောအနုပညာအလုပ်များအားမပြတ်ဆောင်ရွတ်နိင်ခြင်း…ဖြစ်..ခြင်းများစွာမပြည့်စုံပါစေကြောင်း..ဆုမွန်ကောင်းတောင်းလိုက်ပါသည်…..” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသားကြီး အောင်လွင်နဲ့ လွင်မိုးတို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတူ သရုပ်ဆောင်ခဲ့ဖူးကြသလို အပြင်မှာလည်း သွားအတူ ၊ စားအတူရှိကြသူတွေ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Lwin Moe’s fb
Bilie – Cele Connections