သရုပ္ေဆာင္ ေမာင္ကေတာ့ တရားဝင္ ေဆးကုသခြင့္ရရိွထားတဲ့ ဆရာဝန္တစ္ေယာက္ျဖစ္ျပီး အနုပညာအလုပ္ေတြ လုပ္ကိုင္စဥ္ကေတာ့ ဆရာဝန္ အလုပ္ေတြကို လက္လႊတ္ထားခဲ့တာျပီး အခုလို အနုပညာအလုပ္ေတြ ရပ္နားလိုက္ခ်ိန္မွာေတာ့ ဆရာဝန္တစ္ေယာက္အျဖစ္ တာဝန္ေတြကို ဆက္လက္ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ေမာင္ကေတာ့ အခေၾကးေငြနဲ့ ကုသတဲ့ ဆရာဝန္တစ္ေယာက္မဟုတ္ေပမယ့္ လက္ရိွ ကိုဗစ္ကာလမွာေတာ့ သူတတ္ေျမာက္ထားတဲ့ ေဆးပညာနဲ့ နိုင္ငံအတြက္ တစ္ဖက္တစ္လမ္းကေန ကူညီေနတာပဲ ျဖစ္ပါတယ္။

လက္ရိွ ေဖာင္ၾကီး ကိုဗစ္စင္တာမွာ လုပ္အားေပး ဆရာဝန္တစ္ေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေမာင္ကေတာ့ ေရာဂါဘယေတြၾကားထဲမွာ ေန့ေရာညပါ တာဝန္ေတြ ထမ္းေဆာင္ေနရေပမယ့္ လုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္ ေအးေအးခ်မ္းခ်မ္းရိွေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေမာင္က ေဖာင္ၾကီးက လုပ္ေဖာ္ကိုင္ဖက္ေတြက သူ့ကို နာမည္အသစ္ေလးေပးထားေၾကာင္းကို “Dr စိန္တလုံးတဲ့ 😆😆 ဆရာမတို႔ကေတာ့ ေနာက္ၿပီ 😅😅😅” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေျပာျပလာပါတယ္။

ေမာင္ကေတာ့ အလုပ္ေတြကို လုပ္ကိုင္ေနရေပမယ့္ မိသားစုဝင္ေတြလို ေႏြးေႏြးေထြးေထြးရိွတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္ ေပ်ာ္ရႊင္ေနရတာပဲ ျဖစ္ပါတယ္။ ေမာင္တစ္ေယာက္ ေနေကာင္းက်န္းမာစြာနဲ့ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္နိုင္ပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နေ့ရောညပါ တာဝန်တွေ ထမ်းဆောင်နေရပေမယ့် မိသားစုလို နွေးနွေးထွေးထွေးရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ပင်ပန်းဖို့မေ့နေတဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ တရားဝင် ဆေးကုသခွင့်ရရှိထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေ လုပ်ကိုင်စဉ်ကတော့ ဆရာဝန် အလုပ်တွေကို လက်လွှတ်ထားခဲ့တာပြီး အခုလို အနုပညာအလုပ်တွေ ရပ်နားလိုက်ချိန်မှာတော့ ဆရာဝန်တစ်ယောက်အဖြစ် တာဝန်တွေကို ဆက်လက်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ မောင်ကတော့ အခကြေးငွေနဲ့ ကုသတဲ့ ဆရာဝန်တစ်ယောက်မဟုတ်ပေမယ့် လက်ရှိ ကိုဗစ်ကာလမှာတော့ သူတတ်မြောက်ထားတဲ့ ဆေးပညာနဲ့ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ဖောင်ကြီး ကိုဗစ်စင်တာမှာ လုပ်အားပေး ဆရာဝန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မောင်ကတော့ ရောဂါဘယတွေကြားထဲမှာ နေ့ရောညပါ တာဝန်တွေ ထမ်းဆောင်နေရပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကြောင့် အေးအေးချမ်းချမ်းရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မောင်က ဖောင်ကြီးက လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို နာမည်အသစ်လေးပေးထားကြောင်းကို “Dr စိန်တလုံးတဲ့ 😆😆 ဆရာမတို့ကတော့ နောက်ပြီ 😅😅😅” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြလာပါတယ်။

မောင်ကတော့ အလုပ်တွေကို လုပ်ကိုင်နေရပေမယ့် မိသားစုဝင်တွေလို နွေးနွေးထွေးထွေးရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မောင်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections