အဆိုေတာ္ ထူးအယ္လင္းကေတာ့ အသံၾကည္ၾကည္လင္လင္နဲ့ သီခ်င္းေကာင္းေတြမ်ားစြာကို သီဆိုခဲ့တဲ့ ဝါရင့္အဆိုေတာ္ၾကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ထူးအယ္လင္းက လက္ရိွမွာေတာ့ ပရဟိတအလုပ္ေတြကို တစ္နိုင္ငံလံုးအနွံ့ လိုက္လံျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ အေျပာအဆို ျပတ္သားေပမယ့္ စိတ္ထားေကာင္းတဲ့ ထူးအယ္လင္းကေတာ့ ပရိသတ္ေတြရဲ့ ပရဟိတသူရဲေကာင္းၾကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၂၂) ရက္ေန့ကေတာ့ ထူးအယ္လင္းရဲ့ သမီးၾကီး ျဖဴျဖဴစင္စင္လင္းရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ထူးအယ္လင္းက သမီးၾကီးရဲ့ ေမြးေန့မွာ သမီးလက္ရိွေနထိုင္ေနတဲ့ ဖ်ာပံုျမိဳ့နားက ရြာေလးထိသြားျပီး ေမြးေန့ဆုေတာင္းေပးကာ လက္ေဆာင္ေတြ ေပးခဲ့ပါတယ္။ ထူးအယ္လင္းကေတာ့ မၾကာေသးခင္ကမွ မိခင္ကိုဆံုးရႈံးသြားတဲ့ ျဖဴျဖဴစင္စင္လင္းအတြက္ ခ်စ္ျခင္းေမတၱာေတြ အျပည့္ေပးခဲ့ျပီး ဖခင္တစ္ေယာက္ပီပီ ေပ်ာ္ရႊင္ေအာင္ ဖန္တီးေပးခဲ့တာကို ေတြ့ရပါတယ္။

ထူးအယ္လင္းကေတာ့ ဇနီးေဟာင္း အဆိုေတာ္ မီးမီးခဲနဲ့ ကြာရွင္းျပီးကတည္းက သမီးေလးကို ေစာင့္ေရွာက္ခဲ့တာျဖစ္ျပီး အခုလို မီးမီးခဲကြယ္လြန္သြားခ်ိန္မွာလည္း မိခင္တာဝန္ေရာ၊ ဖခင္တာဝန္ပါ ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo El Lynn’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သမီးကြီး ဖြူဖြူစင်စင်လင်းရဲ့ မွေးနေ့အတွက် သမီးရှိရာရွာလေးအထိသွားပြီး ရွှေဆွဲကြိုးနဲ့ ဟန်းချိန်းလက်ဆောင်ပေးခဲ့တဲ့ ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းကတော့ အသံကြည်ကြည်လင်လင်နဲ့ သီချင်းကောင်းတွေများစွာကို သီဆိုခဲ့တဲ့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းက လက်ရှိမှာတော့ ပရဟိတအလုပ်တွေကို တစ်နိုင်ငံလုံးအနှံ့ လိုက်လံပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ အပြောအဆို ပြတ်သားပေမယ့် စိတ်ထားကောင်းတဲ့ ထူးအယ်လင်းကတော့ ပရိသတ်တွေရဲ့ ပရဟိတသူရဲကောင်းကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ကတော့ ထူးအယ်လင်းရဲ့ သမီးကြီး ဖြူဖြူစင်စင်လင်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းက သမီးကြီးရဲ့ မွေးနေ့မှာ သမီးလက်ရှိနေထိုင်နေတဲ့ ဖျာပုံမြို့နားက ရွာလေးထိသွားပြီး မွေးနေ့ဆုတောင်းပေးကာ လက်ဆောင်တွေ ပေးခဲ့ပါတယ်။ ထူးအယ်လင်းကတော့ မကြာသေးခင်ကမှ မိခင်ကိုဆုံးရှုံးသွားတဲ့ ဖြူဖြူစင်စင်လင်းအတွက် ချစ်ခြင်းမေတ္တာတွေ အပြည့်ပေးခဲ့ပြီး ဖခင်တစ်ယောက်ပီပီ ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တာကို တွေ့ရပါတယ်။

ထူးအယ်လင်းကတော့ ဇနီးဟောင်း အဆိုတော် မီးမီးခဲနဲ့ ကွာရှင်းပြီးကတည်းက သမီးလေးကို စောင့်ရှောက်ခဲ့တာဖြစ်ပြီး အခုလို မီးမီးခဲကွယ်လွန်သွားချိန်မှာလည်း မိခင်တာဝန်ရော၊ ဖခင်တာဝန်ပါ ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo El Lynn’s fb
Bilie – Cele Connections