နိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ သရုပ္ေဆာင္၊ ဒါရိုက္တာလည္း ျဖစ္သလို နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ့ ဥကၠဌလည္း ျဖစ္တဲ့ မင္းသားၾကီး ေက်ာ္သူက ကံမေကာင္းစြာနဲ့ Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြနဲ့အတူတူ ပရဟိတအသင္းသားေတြက က်န္းမာေရးမေကာင္းသူ ေက်ာ္သူအတြက္ စိုးရိမ္ေနၾကေပမယ့္ သရုပ္ေဆာင္ ထြန္းကိုကိုက အနီးကပ္ေစာင့္ေရွာက္ေပးေနတဲ့အတြက္ စိတ္သက္သာရာရခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေနမွာေတာ့ နာေရးကူညီမႈအသင္းသားတစ္ေယာက္ျဖစ္တဲ့ သရုပ္ေဆာင္ ဇြဲလေရာင္ကေတာ့ ဦးေက်ာ္သူရဲ့ က်န္းမာေရးအေျခအေနကို အခုလိုပဲ ေျပာျပလာပါတယ္။

“အဆိုးထဲက အ​ေကာင္းပါပဲ၊ခုခ်ိန္ထိ ဦး​ေမာင္ က်န္းမာ​ေရး​ေကာင္း​ေနပါတယ္၊​ေသခ်ာတာ​ေတာ့ ကိုထြန္းကို ပါသြား​ေတာ့ ​စိတ္သက္သာတာ အမ်ားႀကီးျဖစ္ႏိုင္တယ္၊အျမန္ဆုံး အိမ္ျပန္လာႏိုင္ပါ​ေစ🙏​ေဝဘာဂီ ​ေဆး႐ုံမွ ဦး​ေမာင္ကို ​​ေစာင့္​ေရွာက္​ေပးၾကတဲ့ တာဝန္ရွိသူမ်ား ဆရာ/ဆရာမ မ်ားအားလုံး ​​ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ခင္ဗ်ာ။ ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေျပာျပထားတာပဲ ျဖစ္ပါတယ္။

ေက်ာ္သူကေတာ့ နွလံုးေသြးေၾကာလဲထားျပီး ဆီးခ်ိဳတက္တာေတြလည္းရိွတာေၾကာင့္ မိသားစုေတြ၊ ပရိသတ္ေတြရဲ့ တပည့္သားသမီးေတြက စိုးရိမ္ေနၾကေပမယ့္ လက္ရိွမွာေတာ့ က်န္းက်န္းမာမာရိွေနဆဲပဲ ျဖစ္ပါတယ္။ ဦးေက်ာ္သူေရာ ထြန္းကိုကိုပါ နွစ္ေယာက္စလံုး က်န္းက်န္းမာမာနဲ့ အိမ္ျပန္လာနိုင္ပါေလစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zwe Layaung Zwe Layaung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အဆိုးထဲက အကောင်းဖြစ်နေတဲ့ ဥက္ကဌကြီး ဦးကျော်သူရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ သရုပ်ဆောင် ဇွဲလရောင်

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင်၊ ဒါရိုက်တာလည်း ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ မင်းသားကြီး ကျော်သူက ကံမကောင်းစွာနဲ့ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အတူတူ ပရဟိတအသင်းသားတွေက ကျန်းမာရေးမကောင်းသူ ကျော်သူအတွက် စိုးရိမ်နေကြပေမယ့် သရုပ်ဆောင် ထွန်းကိုကိုက အနီးကပ်စောင့်ရှောက်ပေးနေတဲ့အတွက် စိတ်သက်သာရာရခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေမှာတော့ နာရေးကူညီမှုအသင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဇွဲလရောင်ကတော့ ဦးကျော်သူရဲ့ ကျန်းမာရေးအခြေအနေကို အခုလိုပဲ ပြောပြလာပါတယ်။

“အဆိုးထဲက အကောင်းပါပဲ၊ခုချိန်ထိ ဦးမောင် ကျန်းမာရေးကောင်းနေပါတယ်၊သေချာတာတော့ ကိုထွန်းကို ပါသွားတော့ စိတ်သက်သာတာ အများကြီးဖြစ်နိုင်တယ်၊အမြန်ဆုံး အိမ်ပြန်လာနိုင်ပါစေ🙏ဝေဘာဂီ ဆေးရုံမှ ဦးမောင်ကို စောင့်ရှောက်ပေးကြတဲ့ တာဝန်ရှိသူများ ဆရာ/ဆရာမ များအားလုံး ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြထားတာပဲ ဖြစ်ပါတယ်။

ကျော်သူကတော့ နှလုံးသွေးကြောလဲထားပြီး ဆီးချိုတက်တာတွေလည်းရှိတာကြောင့် မိသားစုတွေ၊ ပရိသတ်တွေရဲ့ တပည့်သားသမီးတွေက စိုးရိမ်နေကြပေမယ့် လက်ရှိမှာတော့ ကျန်းကျန်းမာမာရှိနေဆဲပဲ ဖြစ်ပါတယ်။ ဦးကျော်သူရော ထွန်းကိုကိုပါ နှစ်ယောက်စလုံး ကျန်းကျန်းမာမာနဲ့ အိမ်ပြန်လာနိုင်ပါလေစလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zwe Layaung Zwe Layaung’s fb
Bilie – Cele Connections