အဆိုေတာ္ R ဇာနည္ရဲ့ နာမည္ၾကီး သီခ်င္းေတြထဲက တစ္ပုဒ္ျဖစ္တဲ့ “တစ္စကၠန့္” သီခ်င္းေလးကို ပရိသတ္ေတာ္ေတာ္မ်ားမ်ား သိျပီးသား ျဖစ္မွာပါ။ “တစ္စကၠန့္” သီခ်င္းေလးမွာ R ဇာနည္နဲဲ့အတူတူ Rap စာသားေတြ သီဆိုတဲ့ Zero အဖြဲ့က အဆိုေတာ္ စိုးမိုးမင္းနဲ့ လင္းလင္းတို့ကိုလည္း ပရိသတ္ၾကီးကို ေထြေထြထူးထူး မိတ္ဆက္ေပးဖို့ လိုမယ္ မထင္ပါဘူး။ ဒီသီခ်င္းေလးက လြန္ခဲ့တဲ့ ဆယ္နွစ္ေက်ာ္က ထြက္ရိွခဲ့တယ္ဆိုေပမယ့္ ဒီေန့ဒီအခ်ိန္ထိ ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားေအာင္ျမင္ေနဆဲ သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ စိတ္မေကာင္းစရာ သတင္းတစ္ခုက “တစ္စကၠန့္” သီခ်င္းထဲက အဆိုေတာ္ စိုးမိုးမင္းက ကြယ္လြန္သြားခဲ့ျပီလို့ သိရပါတယ္။ အဆိုေတာ္ စိုးမိုးမင္းရဲ့ ကြယ္လြန္မႈနဲ့ ပက္သတ္ျပီး “သူငယ္ခ်င္းတို႔ ငါတို႔ေကာင္ျကီး ” စိုးမိုးမင္း”​ ဆံုးသြားျပီ😭 ေက်ာ္သူစိုး လွမ္းေျပာတာ.. 🙏ေကာင္းရာမြန္ရာေရာက္ပါေစကြာ🙏” ဆိုျပီး ငယ္သူငယ္ခ်င္း အဆိုေတာ္ေတြကို ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ အသိေပးထားတာပဲ ျဖစ္ပါတယ္။

စိုးမိုးမင္းကေတာ့ ျမန္မာနိုင္ငံမွာ Hip Hop သီခ်င္းေတြ စတင္ေပၚထြက္ခဲ့စဥ္ကတည္းက သူတို့ရဲ့ ကိုယ္ပိုင္လမ္းေၾကာင္းတစ္ခုကို ေဖာက္ထြက္နိုင္ခဲ့တဲ့ လူငယ္အဆိုေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ငယ္ငယ္က ၾကိဳက္ခဲ့ရတဲ့ အဆိုေတာ္တစ္ေယာက္ ကြယ္လြန္သြားလို့ ဝမ္းနည္းစိတ္မေကာင္းျဖစ္ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yan Yan Chan’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်ချိန်က ပရိသတ်တိုင်း ကြိုက်နှစ်သက်ခဲ့ရတဲ့ “တစ်စက္ကန့်” သီချင်းထဲက အဆိုတော် စိုးမိုးမင်း ကွယ်လွန်

အဆိုတော် R ဇာနည်ရဲ့ နာမည်ကြီး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “တစ်စက္ကန့်” သီချင်းလေးကို ပရိသတ်တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ “တစ်စက္ကန့်” သီချင်းလေးမှာ R ဇာနည်နဲ့အတူတူ Rap စာသားတွေ သီဆိုတဲ့ Zero အဖွဲ့က အဆိုတော် စိုးမိုးမင်းနဲ့ လင်းလင်းတို့ကိုလည်း ပရိသတ်ကြီးကို ထွေထွေထူးထူး မိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူး။ ဒီသီချင်းလေးက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ထွက်ရှိခဲ့တယ်ဆိုပေမယ့် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေဆဲ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စိတ်မကောင်းစရာ သတင်းတစ်ခုက “တစ်စက္ကန့်” သီချင်းထဲက အဆိုတော် စိုးမိုးမင်းက ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ အဆိုတော် စိုးမိုးမင်းရဲ့ ကွယ်လွန်မှုနဲ့ ပက်သတ်ပြီး “သူငယ်ချင်းတို့ ငါတို့ကောင်ကြီး ” စိုးမိုးမင်း” ဆုံးသွားပြီ😭 ကျော်သူစိုး လှမ်းပြောတာ.. 🙏ကောင်းရာမွန်ရာရောက်ပါစေကွာ🙏” ဆိုပြီး ငယ်သူငယ်ချင်း အဆိုတော်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အသိပေးထားတာပဲ ဖြစ်ပါတယ်။

စိုးမိုးမင်းကတော့ မြန်မာနိုင်ငံမှာ Hip Hop သီချင်းတွေ စတင်ပေါ်ထွက်ခဲ့စဉ်ကတည်းက သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ဖောက်ထွက်နိုင်ခဲ့တဲ့ လူငယ်အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ အဆိုတော်တစ်ယောက် ကွယ်လွန်သွားလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yan Yan Chan’s fb
Bilie – Cele Connections