မင္းသမီးေခ်ာေလး ေဖြးေဖြးကေတာ့ ဆယ္စုနွစ္ရဲ့ အေက်ာ္ၾကားဆံုး မင္းသမီးတစ္လက္ျဖစ္ျပီး အကယ္ဒမီဆုၾကီး (၃) ဆုတိတိကို ရရိွပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ေဖြးေဖြးက ဇာတ္ရုပ္မ်ိဳးစံုကို ပိုင္ပိုင္နိုင္နိုင္သရုပ္ေဆာင္နိုင္ေပမယ့္ သူမရဲ့ အျပင္လက္ေတြ့က ပံုစံကေတာ့ အရမ္းကို ရိုးရွင္းလြန္းလွပါတယ္။ ေဖြးေဖြးကေတာ့ အသက္သံုးဆယ္ေက်ာ္ျပီး အပ်ိဳၾကီးစာရင္းဝင္ေနျပီဆိုေပမယ့္ အခုအခ်ိန္ထိ အိမ္ေထာင္ေရးကို မစဥ္းစားပဲ မိသားစုေတြနဲ့သာ ေအးခ်မ္းစြာ ေနထိုင္ေနလ်က္ရိွပါတယ္။

မေန့က ေအာက္တိုဘာလ (၂၁) ရက္ေန့ကေတာ့ ေဖြးေဖြးရဲ့ အခ်စ္ဆံုးေဖေဖ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ သူမေဖေဖရဲ့ ေမြးေန့အတြက္ လက္ေဆာင္ပစၥည္းဝယ္ဖို့ ခက္ခဲေနတဲ့အခ်ိန္ျဖစ္လို့ ေငြသားနဲ့ ကန္ေတာ့ခဲ့ျပီး ေဖြးေဖြးက သူမ (၂၀၁၆) ခုနွစ္ကတည္းက စုထားတဲ့ ေငြေလးနဲ့ ဖခင္ျဖစ္သူရဲ့ ေမြးေန့မွာ ကန္ေတာ့ခဲ့တာကို ေတြ့ရပါတယ္။

ေဖြးေဖြးကေတာ့ သူမရုပ္ရွင္ဇာတ္ကားတစ္ကား ရိုက္ျပီးခ်ိန္ေတြမွာလည္း ရရိွတဲ့ အနုပညာေၾကးေတြနဲ့ မိဘနွစ္ပါးကို ကန္ေတာ့ေလ့ရိွသလုိ အခါၾကီးရက္ၾကီးနဲ့ အထိမ္းအမွတ္ေန့ေတြမွာလည္း လက္ေဆာင္ေတြ ေပးေလ့ရိွတဲ့ သမီးအလိမၼာေလးတစ္ေယာက္ ျဖစ္ပါတယ္။ မိဘကို သိတတ္တဲ့ ေဖြးစိန္ေလး ဒီထက္မက ေအာင္ျမင္မႈေတြရရိွပိုင္ဆုိင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: We Love Phway’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၂၀၁၆) ခုနှစ်ကတည်းက စုထားတဲ့ ပိုက်ဆံလေးနဲ့ ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ကန်တော့ခဲ့တဲ့ ဖွေးဖွေး

မင်းသမီးချောလေး ဖွေးဖွေးကတော့ ဆယ်စုနှစ်ရဲ့ အကျော်ကြားဆုံး မင်းသမီးတစ်လက်ဖြစ်ပြီး အကယ်ဒမီဆုကြီး (၃) ဆုတိတိကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ပေမယ့် သူမရဲ့ အပြင်လက်တွေ့က ပုံစံကတော့ အရမ်းကို ရိုးရှင်းလွန်းလှပါတယ်။ ဖွေးဖွေးကတော့ အသက်သုံးဆယ်ကျော်ပြီး အပျိုကြီးစာရင်းဝင်နေပြီဆိုပေမယ့် အခုအချိန်ထိ အိမ်ထောင်ရေးကို မစဉ်းစားပဲ မိသားစုတွေနဲ့သာ အေးချမ်းစွာ နေထိုင်နေလျက်ရှိပါတယ်။

မနေ့က အောက်တိုဘာလ (၂၁) ရက်နေ့ကတော့ ဖွေးဖွေးရဲ့ အချစ်ဆုံးဖေဖေ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ သူမဖေဖေရဲ့ မွေးနေ့အတွက် လက်ဆောင်ပစ္စည်းဝယ်ဖို့ ခက်ခဲနေတဲ့အချိန်ဖြစ်လို့ ငွေသားနဲ့ ကန်တော့ခဲ့ပြီး ဖွေးဖွေးက သူမ (၂၀၁၆) ခုနှစ်ကတည်းက စုထားတဲ့ ငွေလေးနဲ့ ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ကန်တော့ခဲ့တာကို တွေ့ရပါတယ်။

ဖွေးဖွေးကတော့ သူမရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ပြီးချိန်တွေမှာလည်း ရရှိတဲ့ အနုပညာကြေးတွေနဲ့ မိဘနှစ်ပါးကို ကန်တော့လေ့ရှိသလို အခါကြီးရက်ကြီးနဲ့ အထိမ်းအမှတ်နေ့တွေမှာလည်း လက်ဆောင်တွေ ပေးလေ့ရှိတဲ့ သမီးအလိမ္မာလေးတစ်ယောက် ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ ဖွေးစိန်လေး ဒီထက်မက အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: We Love Phway’s fb
Bilie – Cele Connections