



ယူနီကုဒ်ဖြင့်ဖတ်ရန်

Myanmar Idol မှာ Winner သာမဖြစ်တာ စပွန်ဆာကြောင့် တိုက်နဲ့ကားနဲ့ ပိုင်သွားပြီလို့ တစ်ဖက်စောင်းနင်းပြောဆိုသူအပေါ် တုံ့ပြန်လာခဲ့တဲ့ ငွေဇင်လှိုင်း

Myanmar Idol Season (3) ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ငွေဇင်လှိုင်းကတော့ ကံမကောင်းစွာနဲ့ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် အခုဆိုရင် ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ငွေဇင်လှိုင်းကတော့ ဂီတလမ်းကြောင်းမှာ ကြိုးစားနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ တမူးမြို့က အိမ်ကြီးက ပြိုင်ပွဲတစ်ခုမှာ ပထမဆုရရှိသွားခဲ့တာကြောင့် လူတွေရဲ့ အာရုံစိုက်ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သောသူတွေက ငွေဇင်လှိုင်းရဲ့ နေအိမ်ကြီးကိုကြည့်ပြီး စပွန်ဆာရှိတယ်ဆိုပြီး ပြစ်တင်ပြောဆိုမှုတွေကို ငွေဇင်လှိုင်းက အခုလိုပဲ ဖြေရှင်းလာပါတယ်။

“ဒါလေးတစ်ခုတော့ အတိအလင်းပြောချင်ပါတယ်။ ငွေဇင် တို့အိမ်ရဲ့ သက်တမ်းကိုလာကြည့်ပါ ။ Idol မပြိုင်ခင်ထဲက ဆောက်ပီးသားပါလို့ 🌚🌚 စပွန်ဆာ စပွန်ဆာ ဆိုတဲ့ စကားတွေ ခဏခဏ ပြန်ပြန်ကြားရတာလဲရှိပါတယ် ပြုံးမိပါတယ် ☺️ လူတစ်ဦး တစ်ယောက်ရဲ့အကြောင်းကို သေချာမသိပဲနဲ့ စိတ်ထင်ရာ ဝေဖန်ပီး လျှောက်ပြောနေမဲ့အစား သေချာလေးသိဖို့ စုံစမ်းလို့ရပါတယ်။ ကျွန်မတို့အိမ်က တမူးမြို့မှာ မီးသတ်ရုံးနဲ့ကပ်ရပ်၊ အာရှလမ်းမကြီးဘေး၊ ဈေးအနောက်ပေါက်မှာ ထီးထီးကြီးရယ်၊ အိမ်ကြီးပဲ ၆ လုံးလောက်ရှိတာ။ ဒါတောင် ဆောက်နေတာ တစ်လုံးရှိသေးတယ်ရယ် 🥴”

“နန်းဖာလုံဈေးမှာလဲ ဆိုင်ခန်းတွေရှိတယ် သမာအာဇီဝ လုပ်ကိုင်စားသောက်နေပါတယ်။ တမူးမြို့တင်မဟုတ်ပဲ မုံရွာ မန္တလေး ပြင်ဦးလွင် မူဆယ် ရန်ကုန် တင်မက အိန္ဒိယ နိုင်ငံ ပြည်ထဲအထိ ကျွန်မတို့ စီးပွားရေး တွင်ကျယ်ပါတယ် 🌚 သိထားဖို့ ……😎ရေးလို့သာရေးရတာ ဒါတေမြင်ပီးဘောစိ ထင်မသွားကြနဲ့။ ကျွန်မပိုင်တာမရှိဘူးရယ်.. မိဘပိုင်တာ 😋😋😋 ကျွန်မကတော့ မိဘလုပ်စာ ထိုင်စားနေတာမဟုတ်ပဲ ကို့ခြေထောက်ပေါ်ကိုရပ်လာတာကို ဆယ်စုနှစ်ရှိနေပါပြီနော်။ ဒီ့ထက်ပို သိချင်ရင် ထပ်ဖြေပေးမယ် ကိုယ်တိုင်တော့လာမေး 🥴🥴… ကျန်ခဲ့လို့ ကျွန်မကတော့ ခုလောလောဆယ် ခွေထုတ်ပြီး မွဲနေတာရယ် 😂” ဆိုပြီး ပြောလာပါတယ်။

ငွေဇင်လှိုင်းကတော့ လူတစ်ယောက်ကို အမြင်နဲ့ နစ်နစ်နာနာ ပြောဆိုဝေဖန်မှုကို ပြတ်သားစွာ တုံ့ပြန်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ngwezin Hline’s fb
Bilie – Cele Connections