


ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်တဲ့သူတွေရဲ့ ယုံကြည်မှုကို ဘယ်တုန်းကမှ အလွဲသုံးစားမလုပ်ခဲ့လို့အထင်အမြင်လွဲမှုတွေ ကင်းရှင်းသွားမယ်လို့ထင်တယ်ဆိုတဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ မနေ့က အောက်တိုဘလ (၂၁) ရက်နေ့မှာ သရုပ်ဆောင် နေဒွေးနဲ့ သံစဉ်မောင်တို့ရဲ့ ကိစ္စနဲ့ ပက်သတ်ပြီး တချို့သော ပရိသတ်တွေရဲ့ အထင်အမြင်လွဲခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံက ထိုကိစ္စနဲ့ ပက်သတ်ပြီး သံစဉ်မောင်ရဲ့အစ်မ ဘေဘီမောင်ကို ပွင့်ပွင့်လင်းလင်း သွားမေးမြန်းခဲ့တဲ့အကြောင်း ဖေ့စ်ဘုတ်စာမျက်နှာမှာ ချပြခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ သူမရေးထားတဲ့စာတွေနဲ့ ဖေ့စ်ဘုတ် Live တို့ကို ဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆောင်းယွန်းစံက သူမနဲ့မဆိုင်တဲ့ ပြဿနာတွေနဲ့ ပက်သတ်ပြီး အပြောခံရဖို့ကံပါလို့ ဖြစ်လာတယ်လို့ပဲ မှတ်လိုက်ပါတယ်ဆိုပြီး အခုလိုပဲ ပြောလာပါတယ်။

“ဒီအချိန်မှာ အပြောခံရဖို့ကံပါလို့ ပြောခံရတယ်ပဲမှတ်လိုက်ပါမယ်🙏🙏🙏ဆောင်းယွန်းဘက်က ယုံကြည်ပီးရပ်တည်ပေးကြတဲ့ ချစ်ရတဲ့ သူများကိုလည်း အများကြီးကျေးဇူးတင်ပါတယ်ရှင့်.🙏ဆောင်းကိုချစ်တဲ့သူတွေရဲ့ ယုံကြည်မူ့ကို ဘယ်တုန်းကမှ အလွဲသုံးစားမလုပ်ခဲ့ပါဘူး။ ကောင်းမူ့ကုသိုလ်တွေလုပ်နေတာကြောင့် ခုဖြစ်နေတဲ့ အထင်အမြင်လွဲမှုတွေလဲ အမြန်ဆုံးကင်းရှင်းသွားမယ်လို့ထင်ပါတယ်။ ချစ်ခင်သူများရော ၊ မုန်းနေသူတွေကော မေတ္တာပို့ပေးပါတယ်ရှင့်။ ဒီလိုကိစ္စလောက်နဲ့တော့ ဆောင်းယွန်းလဲမကျပါဘူး.. စိတ်မပူပါနဲ့နော် .. Peace ✌️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဆောင်းယွန်းစံကတော့ ဖြစ်ခဲ့သမျှတွေကို ခဝါချပြီး သူမနဲ့ လုံးဝမသက်ဆိုင်တဲ့ ကိစ္စအပေါ်လည်း ကံပါလာလို့ ဖြစ်လာတယ်လို့ပဲ သက်မှတ်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Saung Yoon San’s fb
Bilie – Cele Connections