နိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ သရုပ္ေဆာင္၊ ဒါရိုက္တာလည္းျဖစ္သလို နာေရးကူညီမႈအသင္း (ဥကၠဌ) လည္းျဖစ္သူ ဦးေက်ာ္သူကေတာ့ ကိုဗစ္ကာလၾကီးမွာ နားခ်ိန္မရိွပဲ အလုပ္ေတြကို လုပ္ေဆာင္ေနခဲ့တာေၾကာင့္ အခုဆိုရင္ Covid-19 ေရာဂါကူးစက္ခံလိုက္ရျပီပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းျပီး အမ်ားအက်ိဳး သယ္ပိုးေဆာင္ရြက္တတ္တဲ့ ဦးေက်ာ္သူအတြက္ ပရိသတ္ေတြက စိတ္မေကာင္းၾကသလို အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးကလည္း ေနျမန္ျမန္ ျပန္ေကာင္းလာေစဖို့ ဆုေတာင္းေပးေနၾကတာပဲ ျဖစ္ပါတယ္။

နိုင္ငံေက်ာ္ မင္းသားတစ္ေယာက္ျဖစ္တဲ့ သရုပ္ေဆာင္ မင္းေမာ္ကြန္းကလည္း သူ့ရဲ့ ဆရာလည္း ျဖစ္သလို၊ စီနီယာၾကီး ဦးေက်ာ္သူအတြက္ စိတ္မေကာင္းျဖစ္ေနတာကို ေတြ့ရပါတယ္။ မင္းေမာ္ကြန္းကေတာ့ Covid-19 ေရာဂါကူးစက္ခံခဲ့ရတဲ့ ဦးေက်ာ္သူအတြက္ “ဦးေမာင္ အျမန္ဆုံးသက္သာပါေစ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ဆုေတာင္းေပးခဲ့တာပဲ ျဖစ္ပါတယ္။

ဦးေက်ာ္သူကေတာ့ စိတ္ဓာတ္ၾကံ့ခိုင္သူတစ္ေယာက္ျဖစ္တာေၾကာင့္ Covid-19 ေရာဂါကို အေကာင္းဆံုး ေက်ာ္လႊားနိုင္မွာ ေသခ်ာပါတယ္။ ဦးေက်ာ္သူတစ္ေယာက္လည္း အျမန္ဆံုးေနေကာင္းသက္သာလာပါေစလို့ ထပ္မံျပီး ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Kyaw Htay Lwin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်ကျိုးမငဲ့ပဲ ပရဟိတအလုပ်တွေလုပ်ကိုင်ရင်း Covid-19 ရောဂါကူးစက်ခံလိုက်ရတဲ့ မင်းသားကြီး ဦးကျော်သူအတွက် နေကောင်းသက်သာစေဖို့ ဆုတောင်းလာတဲ့ မင်းမော်ကွန်း

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင်၊ ဒါရိုက်တာလည်းဖြစ်သလို နာရေးကူညီမှုအသင်း (ဥက္ကဌ) လည်းဖြစ်သူ ဦးကျော်သူကတော့ ကိုဗစ်ကာလကြီးမှာ နားချိန်မရှိပဲ အလုပ်တွေကို လုပ်ဆောင်နေခဲ့တာကြောင့် အခုဆိုရင် Covid-19 ရောဂါကူးစက်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး အများအကျိုး သယ်ပိုးဆောင်ရွက်တတ်တဲ့ ဦးကျော်သူအတွက် ပရိသတ်တွေက စိတ်မကောင်းကြသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း နေမြန်မြန် ပြန်ကောင်းလာစေဖို့ ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။

နိုင်ငံကျော် မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်းကလည်း သူ့ရဲ့ ဆရာလည်း ဖြစ်သလို၊ စီနီယာကြီး ဦးကျော်သူအတွက် စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ မင်းမော်ကွန်းကတော့ Covid-19 ရောဂါကူးစက်ခံခဲ့ရတဲ့ ဦးကျော်သူအတွက် “ဦးမောင် အမြန်ဆုံးသက်သာပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဦးကျော်သူကတော့ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်တာကြောင့် Covid-19 ရောဂါကို အကောင်းဆုံး ကျော်လွှားနိုင်မှာ သေချာပါတယ်။ ဦးကျော်သူတစ်ယောက်လည်း အမြန်ဆုံးနေကောင်းသက်သာလာပါစေလို့ ထပ်မံပြီး ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Htay Lwin’s fb
Bilie – Cele Connections