မင္းသမီးေခ်ာေလး ဝတ္မွုံေရႊရည္က ျမန္မာနိုင္ငံရဲ့ နာမည္ေက်ာ္ ထိပ္တန္းမင္းသမီးတစ္လက္ဆိုတာ မေျပာလည္း သိျပီးသားျဖစ္မွာပါ။ ဝတ္မွုံေရႊရည္က အကယ္ဒမီဆုႀကီးႏွစ္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိထားၿပီး ကိုရီးယား၊ စကၤာပူစတဲ့ နိုင္ငံႀကီးေတြမွလည္း ႐ုပ္ရွင္ထူးခၽြန္ဆုေတြကို ရရွိပိုင္ဆိုင္ထားတဲ့ ျမန္မာ့ဂုဏ္ေဆာင္မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ ဒါ့အျပင္ ဝတ္မႈံေရႊရည္က ကမၻာေက်ာ္ပြဲအခမ္းအနားေတြမွာ ျမန္မာနိုင္ငံ ကိုယ္စားျပဳအျဖစ္ တက္ေရာက္ဂုဏ္ျပဳေလ့ရိွတဲ့ မင္းသမီးတစ္လက္ပါပဲ။

ဒီကေန့မွာေတာ့ ဝတ္မႈံေရႊရည္က ပရိသတ္ေတြအတြက္ ဂုဏ္ယူဖြယ္ရာ သတင္းေကာင္းေလးတစ္ခု သယ္ေဆာင္လာျပန္ပါျပီ။ ဝတ္မႈံေရႊရည္က TC Candler The 100 Most Beautiful Faces of 2020 မွာ ကမၻာေက်ာ္အနုပညာရွင္ေတြျဖစ္တဲ့ Doyeon, Ju Jingyi, Song Hey Kyo, Lana Condor, Liu Yifei, Ariana Grande စတဲ့ အနုပညာရွင္ေတြမ်ားစြာနဲ့အတူတူ ဆန္ကာတင္စာရင္းဝင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဝတ္မႈံေရႊရည္ကေတာ့ ျမန္မာ့ပထမဦးဆံုး သရုပ္ေဆာင္အျဖစ္ TC Candler The 100 Most Beautiful Faces of 2020 မွာ ပါဝင္နိုင္ခဲ့ျပီး ပထမဦးဆံုး ျမန္မာအမ်ိဳးသား သရုပ္ေဆာင္အျဖစ္ ပိုင္တံခြန္က ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ကိုယ့္နို္င္ငံက မင္းသား မင္းသမီးေတြကို အားေပးဝန္းရံေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: TC Candler’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

TC Candler The 100 Most Beautiful Faces of 2020 မှာ ကမ္ဘာကျော်မင်းသမီးတွေနဲ့ ရင်ဘောင်တန်းပြီး ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းမင်းသမီးတစ်လက်ဆိုတာ မပြောလည်း သိပြီးသားဖြစ်မှာပါ။ ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး ကိုရီးယား၊ စင်္ကာပူစတဲ့ နိုင်ငံကြီးတွေမှလည်း ရုပ်ရှင်ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မြန်မာ့ဂုဏ်ဆောင်မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်မှုံရွှေရည်က ကမ္ဘာကျော်ပွဲအခမ်းအနားတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ဂုဏ်ပြုလေ့ရှိတဲ့ မင်းသမီးတစ်လက်ပါပဲ။

ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က ပရိသတ်တွေအတွက် ဂုဏ်ယူဖွယ်ရာ သတင်းကောင်းလေးတစ်ခု သယ်ဆောင်လာပြန်ပါပြီ။ ဝတ်မှုံရွှေရည်က TC Candler The 100 Most Beautiful Faces of 2020 မှာ ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်တဲ့ Doyeon, Ju Jingyi, Song Hey Kyo, Lana Condor, Liu Yifei, Ariana Grande စတဲ့ အနုပညာရှင်တွေများစွာနဲ့အတူတူ ဆန်ကာတင်စာရင်းဝင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မြန်မာ့ပထမဦးဆုံး သရုပ်ဆောင်အဖြစ် TC Candler The 100 Most Beautiful Faces of 2020 မှာ ပါဝင်နိုင်ခဲ့ပြီး ပထမဦးဆုံး မြန်မာအမျိုးသား သရုပ်ဆောင်အဖြစ် ပိုင်တံခွန်က ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ကိုယ့်နိုင်ငံက မင်းသား မင်းသမီးတွေကို အားပေးဝန်းရံပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: TC Candler’s fb
Bilie – Cele Connections