နိုင္ငံေက်ာ္ မင္းသမီးေလး ေဖြးေဖြးကေတာ့ အနုပညာသက္တမ္း (၁၃) နွစ္ေက်ာ္မွာ ေကာင္းသတင္းေတြနဲ့သာ ေက်ာ္ၾကားခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြအေပၚ ေလးစားမႈရိွသလို အနုပညာအသိုင္းအဝိုင္းမွာလည္း ၾကီးသူကိုရိုေသ၊ ငယ္သူကို ေလးစားတတ္တဲ့ ေဖြးေဖြးကို မခ်စ္တဲ့သူဆိုတာ မရိွသေလာက္ပါပဲ။ ေဖြးေဖြးကလည္း ေက်ာ္ၾကားမႈဂုဏ္သတင္းေတြထက္ ခ်စ္ျခင္းေမတၱာေတြကိုသာ ပိုမိုမက္ေမာသူေလးတစ္ေယာက္ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေဖြးေဖြးက သူမရဲ့ စီနီယာအစ္မျဖစ္တဲ့ စမိုင္းလ္ရဲ့ လုပ္ငန္းအသစ္အတြက္ ဝမ္းသာဂုဏ္ယူေၾကာင္း သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာပါတယ္။ ေဖြးေဖြးက “Wowww!🙂🙂🙂😃😄🧡 That’s Very thoughtful of you Ama Smile! ႐ုပ္ရွင္႐ုံ​ေတြမွာ ရီရတဲ့ အရသာ ကိုအ​ေတာ္လြမ္း​ေနတာ! Big Big Congrats for “Smile” အြန္လိုင္း႐ုပ္ရွင္႐ုံ! Big Big Congrats for your new movie “ဂယက္​ေတြပါဟယ္” ! 🤘🤘🤘 whoop! Whoop! 🎬📽🎭 Me Can’t live in a world without comedy” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

စမိုင္းလ္ကေတာ့ သူမရဲ့ နာမည္နဲ့ “Smile” အြန္လိုင္း႐ုပ္ရွင္႐ုံဆိုတဲ့ Application အသစ္ကေန ပရိသတ္ေတြသာမက အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးအတြက္ အက်ိဳးရိွေစမယ့္ လုပ္ငန္းသစ္တစ္ခုကို တည္ေထာင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phway Phway’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စီးပွားရေးအကွက်မြင်ပြီး အရည်အချင်းရှိလွန်းတဲ့ စီနီယာအစ်မ စမိုင်းလ်ရဲ့ လုပ်ငန်းသစ်အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးလေး ဖွေးဖွေးကတော့ အနုပညာသက်တမ်း (၁၃) နှစ်ကျော်မှာ ကောင်းသတင်းတွေနဲ့သာ ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ် လေးစားမှုရှိသလို အနုပညာအသိုင်းအဝိုင်းမှာလည်း ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားတတ်တဲ့ ဖွေးဖွေးကို မချစ်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဖွေးဖွေးကလည်း ကျော်ကြားမှုဂုဏ်သတင်းတွေထက် ချစ်ခြင်းမေတ္တာတွေကိုသာ ပိုမိုမက်မောသူလေးတစ်ယောက် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ စီနီယာအစ်မဖြစ်တဲ့ စမိုင်းလ်ရဲ့ လုပ်ငန်းအသစ်အတွက် ဝမ်းသာဂုဏ်ယူကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။ ဖွေးဖွေးက “Wowww!🙂🙂🙂😃😄🧡 That’s Very thoughtful of you Ama Smile! ရုပ်ရှင်ရုံတွေမှာ ရီရတဲ့ အရသာ ကိုအတော်လွမ်းနေတာ! Big Big Congrats for “Smile” အွန်လိုင်းရုပ်ရှင်ရုံ! Big Big Congrats for your new movie “ဂယက်တွေပါဟယ်” ! 🤘🤘🤘 whoop! Whoop! 🎬📽🎭 Me Can’t live in a world without comedy” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ သူမရဲ့ နာမည်နဲ့ “Smile” အွန်လိုင်းရုပ်ရှင်ရုံဆိုတဲ့ Application အသစ်ကနေ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးအတွက် အကျိုးရှိစေမယ့် လုပ်ငန်းသစ်တစ်ခုကို တည်ထောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phway Phway’s fb
Bilie – Cele Connections