သရုပ္ေဆာင္ ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ ဇာတ္မင္းသားၾကီး ဦးဝင္းဗိုလ္ရဲ့ သားျဖစ္ျပီး သဘင္ေလာကထက္ သရုပ္ေဆာင္နယ္ပယ္မွာ ပိုမုိက်င္လည္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္က ျပီးခဲ့တဲ့နွစ္မွာလည္း “မုန္းစြဲ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုးအမ်ိဳးသား ဇာတ္ပို့ဆုတစ္ဆုကို ရရိွပိုင္ဆိုင္ခဲ့ျပီး ယခုအခ်ိန္ထိတိုင္ ေအာင္ျမင္မႈလမ္းမမွာ ေလွ်ာက္လွမ္းေနဆဲပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္ေက်ာ္ဗိုလ္က သူတို့ရဲ့ နွင္းဆီအဖြဲ့ထဲက ညီအငယ္ဆံုးေလး ရဲေလးရဲ့ အစ္ကိုေတြအေပၚ သိတတ္္လြန္းတဲ့ အျပဳအမူေလးကို အခုလိုပဲ ေျပာျပလာပါတယ္။

“ကြၽန္ေတာ္တို႔ ” ႏွင္းဆီ ” ရဲ႕ညီအငယ္ဆုံး ရဲေလး ကိုဗစ္ကာလမွာေတာင္ အိမ္ကိုလာၿပီး သီတင္းကြၽတ္ကန္ေတာ့သြားတယ္ 🙏 အိမ္ထဲေတာင္မဝင္ပဲ အိမ္ေရွ႕ၾကမ္းျပင္မွာပဲထိုင္ကန္ေတာ့သြားရွာတယ္။ “ျမတ္ႏိုးေသာအႏုပညာကိုစိတ္ရွိတိုင္းဖန္တီးခြင့္ရရွိၿပီး၊ျပည္သူပရိတ္သတ္ေတြရဲ႕ေမတၱာကိုႏွစ္ေပါင္းမ်ားစြာပိုင္ဆိုင္နိင္သူျဖစ္ပါေစ “” ဆိုျပီး ရဲေလးအတြက္ ဆုေတာင္းစကားနဲ့အတူတူ သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝလာပါတယ္။

ရဲေလးကေတာ့ သူ့ရဲ့ နွင္းဆီအစ္ကိုေတြအေပၚ အင္မတန္ သံေယာဇဥ္ရိွျပီး သိတတ္လြန္းသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အစ္ကိုေတြအေပၚ သိတတ္တဲ့ ရဲေလးတစ္ေယာက္ ေက်ာ္ေက်ာ္ဗုိလ္ရဲ့ ဆုေတာင္းေတြနဲ့ ထပ္တူျပည့္စံုပါေစလုိ့ ထပ္မံျပီး ေတာင္းဆုပို့ေပးလိုက္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Kyaw Bo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ရှေ့ကြမ်းပြင်မှာပဲ သီတင်းကျွတ်ကန်တော့သွားတဲ့ ညီငယ် ရဲလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုအမူကိုပြောပြလာတဲ့ ကျော်ကျော်ဗိုလ်

သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ ဇာတ်မင်းသားကြီး ဦးဝင်းဗိုလ်ရဲ့ သားဖြစ်ပြီး သဘင်လောကထက် သရုပ်ဆောင်နယ်ပယ်မှာ ပိုမိုကျင်လည်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က ပြီးခဲ့တဲ့နှစ်မှာလည်း “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုတစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီး ယခုအချိန်ထိတိုင် အောင်မြင်မှုလမ်းမမှာ လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်ကျော်ဗိုလ်က သူတို့ရဲ့ နှင်းဆီအဖွဲ့ထဲက ညီအငယ်ဆုံးလေး ရဲလေးရဲ့ အစ်ကိုတွေအပေါ် သိတတ်လွန်းတဲ့ အပြုအမူလေးကို အခုလိုပဲ ပြောပြလာပါတယ်။

“ကျွန်တော်တို့ ” နှင်းဆီ ” ရဲ့ညီအငယ်ဆုံး ရဲလေး ကိုဗစ်ကာလမှာတောင် အိမ်ကိုလာပြီး သီတင်းကျွတ်ကန်တော့သွားတယ် 🙏 အိမ်ထဲတောင်မဝင်ပဲ အိမ်ရှေ့ကြမ်းပြင်မှာပဲထိုင်ကန်တော့သွားရှာတယ်။ “မြတ်နိုးသောအနုပညာကိုစိတ်ရှိတိုင်းဖန်တီးခွင့်ရရှိပြီး၊ပြည်သူပရိတ်သတ်တွေရဲ့မေတ္တာကိုနှစ်ပေါင်းများစွာပိုင်ဆိုင်နိင်သူဖြစ်ပါစေ “” ဆိုပြီး ရဲလေးအတွက် ဆုတောင်းစကားနဲ့အတူတူ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ရဲလေးကတော့ သူ့ရဲ့ နှင်းဆီအစ်ကိုတွေအပေါ် အင်မတန် သံယောဇဉ်ရှိပြီး သိတတ်လွန်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အစ်ကိုတွေအပေါ် သိတတ်တဲ့ ရဲလေးတစ်ယောက် ကျော်ကျော်ဗိုလ်ရဲ့ ဆုတောင်းတွေနဲ့ ထပ်တူပြည့်စုံပါစေလို့ ထပ်မံပြီး တောင်းဆုပို့ပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Bo’s fb
Bilie – Cele Connections