ယူနီကုဒ်ဖြင့်ဖတ်ရန်
ကပ်ရောဂါကြီးရဲ့ နောက်ဆက်တွဲမှာ ရင်းနှီးသူတွေရဲ့ နာရေးသတင်းတွေအတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှလုပ်ပေးခွင့်မရှိဘူးလို့ ဆိုလာတဲ့ ကျော်ကျော်
သရုပ်ဆောင် ကျော်ကျော်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းနေတာ ဆယ်စုနှစ်တစ်စုမက ရှိနေပြီပဲ ဖြစ်ပါတယ်။ ကျော်ကျော်က အနုပညာလောကမှာ ဖြတ်သန်းခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို ရင်းနှီးသူ မိတ်ဆွေတွေလည်း အင်မတန် များပြားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကေနေ့မှာတော့ ကျော်ကျော်က သူနဲ့ ရင်းနှီးရတဲ့ သရုပ်ဆောင်၊ အဆိုတော် ဦးရန်ပိုင်စိုးကွယ်လွန်ခြင်းအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်ရတဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။
“ဒီရက်ပိုင်းအတွင်း ကိုယ်နဲ့ရင်းနှီးသောသူများ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို လောကကြီးကနေထွက်ခွာသွားကြတယ်။ စိတ်မကောင်းဖြစ်ပေးနေရုံကလွဲပြီး ဘာမှလုပ်ပေးခွင့်မရှိခဲ့ဘူး။ ကပ်ရောဂါကြီးရဲ့ နောက်ဆက်တွဲစာမျက်နှာတွေမှာ ရင်နာစရာအပြည့်နဲ့ ကျန်ရစ်ခဲ့တယ်။ အားတင်းထားပါဆိုတဲ့ စကားကလွဲပြီး လက်ကိုတောင် ဆုပ်ကိုင် နှစ်သိမ့်ခွင့်ပေးမထားဘူး။ ဦးစိုးဝင်း၊ ဦးရန်ပိုင်စိုးနဲ့တကွ ကွယ်လွန်သူများ အားလုံးကောင်းရာသုဂတိလားကြပါစေခင်ဗျာ ” ဆိုပြီး ဝမ်းနည်းစွာ ဆိုထားပါတယ်။
ကျော်ကျော်ကတော့ ခင်မင်ရင်းနှီးသူတွေရဲ့ နာရေးသတင်းတွေကို ကြားရတဲ့အခါ စိတ်မကောင်းကြီးစွာ ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Kyaw Naing Oo’s fb
Bilie – Cele Connections