


Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သမီးလေးနှစ်ယောက်ရဲ့ ရယ်သံလွင်လွင်လေးတွေက သူမအတွက်အပျော်ရွှင်ဆုံးသောအရာဖြစ်ကြောင်း ကြည်ကြည်နူးနူးပြောပြလာတဲ့ ချစ်သုဝေ

ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ မြတ်နိုး ဝါသနာပါတဲ့အနုပညာအလုပ်တွေကို အေးချမ်းစွာလုပ်ကိုင်ရင်း ချစ်စရာသမီးလေးတွေနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ချစ်သုဝေနဲ့ လင်းလင်းကတော့ အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေကြသူများဖြစ်ပေမယ့် သမီးလေးတွေကို အမြဲဦးစားပေးတတ်သူများဖြစ်ပြီး အားလပ်ချိန်တော်တော်များများကိုလည်း သမီးတွေနဲ့အတူတူ ဆော့ကစားပေးရင်း ဖြတ်သန်းကြသူများ ဖြစ်ကြပါတယ်။

လက်ရှိမှာ အနုပညာအလုပ်တွေထက် ဖောင်ဒေးရှင်းအလုပ်တွေကို ပိုမိုအာရုံစိုက်ဖြစ်နေတဲ့ ချစ်သုဝေကတော့ တစ်ရက်တစ်ရက် ဆေးရုံက ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုလေသေးမရှိအောင် ပြင်ဆင်ပေးရင်း စိတ်ရောလူပါ နားချိန်မရှိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်သုဝေကတော့ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း သမီးလေးတွေကြောင့် ပျော်ရွှင်ကြည်နူးရကြောင်းကို “ကျွန်မကိုအပျော်ရွှင်စေဆုံးသော ရယ်သံလွင်လွင်လေးများ😍 ဒါနဲ့စကားမစပ် သစ် လေးလား ခေတ်ကြီးလား?” ဆိုပြီး ချစ်စဖွယ်ပြောပြကာ ပရိသတ်တွေကို မေးခွန်းထုတ်ထားခဲ့ပါတယ်။

ချစ်သုဝေကတော့ သူမဘဝကို အေးချမ်းစေတဲ့ သမီးလေးနှစ်ယောက်ကြောင့် ကြည်နူးပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေတစ်ယောက် ချစ်ရတဲ့ မိသားစုလေးနဲ့ အခုလိုပဲ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections