


Source: Okkar Kyaw’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဘုရားရှိခိုးပြီး ထွက်လာမယ့်မေမေ့ကို မွေးနေ့ကိတ်လေးနဲ့ စောင့်ဆိုင်းပြီး Surprise လုပ်ခဲ့တဲ့ ဆုပန်ထွာရဲ့သားလေး Roar Roar ရဲ့ ဗီဒီယို

ပန်ပန်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဆုပန်ထွာကတော့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လက်ဖြစ်သလို သီချင်းဆိုကောင်းတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေသလို သူမရဲ့ မိသားစုလေးအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် အချိန်တွေကို သင့်တင့်မျှတအောင် စီမံခန့်ခွဲနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဆုပန်ထွာအပြင် သူမရဲ့ မိသားစုလေးကိုလည်း အချစ်တွေများစွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့ကတော့ ဆုပန်ထွာရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဆုပန်ထွာက သူမရဲ့ မွေးနေ့မှာ သူမလုပ်နေကျအတိုင်း ဘုရှားရှိခိုး ကုသိုလ်တွေပြုခဲ့တာဖြစ်ပြီး ဆုပန်ထွာရဲ့ခင်ပွန်း ကိုဥက္ကာကျော်နဲ့ သားလေး Roar Roar တို့ကတော့ ဘုရားရှိခိုးပြီး ထွက်လာမယ့်မေမေ့ကို မွေးနေ့ကိတ်လေးနဲ့ စောင့်ဆိုင်းပြီး Surprise လုပ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ဆုပန်ထွာတို့ မိသားစုလေးရဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရလေးကို မျှဝေပေးလိုက်ပါတယ်။

ဆုပန်ထွာကတော့ သူမရဲ့ မွေးနေ့ညလေးကို ခင်ပွန်းနဲ့ သားဖြစ်သူကြောင့် ကြည်နူးပီတိဖြစ်သွားမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ဆုပန်ထွာအတွက် မွေးနေ့ဆုမွန်ကောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Okkar Kyaw’s fb
Bilie – Cele Connections