Source: Nay Dway ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
အမှုဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးအကြောင်းနဲ့ ပက်သတ်ပြီး သူမရဲ့မိသားစုဝင်တွေပါသိအောင် နောက်ကွယ်က ဖြစ်ကြောင်းကုန်စဉ်ကို ပြောလာတဲ့ နေဒွေး
သရုပ်ဆောင် နေဒွေးကတော့ အောင်မြင်တဲ့ အနုပညာလမ်းမမှာ လျှောက်လှန်းနေရုံသာမက တစ်ဖက်မှာလည်း မိဘစီးပွားရေးကို ဦးဆောင်နေတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ ပြီးခဲ့တဲ့လပိုင်းတွေက မိန်းကလေးတစ်ယောက်နဲ့ ပက်သတ်ပြီး အမှုရင်ဆိုင်ခဲ့ရသလို နောက်ဆုံးမှာတော့ ဆရာဖြစ်သူ ဂျွန်လွင် ညှိနှိုင်းဆောင်ရွက်ပေးတာကြောင့် နှစ်ဦးနှစ်ဘက် အဆင်ပြေသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ နေဒွေးက သူနဲ့ အမှုဖြစ်ခဲ့တဲ့ မိန်းကလေးက သူ့ကို နစ်နာအောင် ပြုလုပ်နေတဲ့အကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။
“သတိပေးတာပါခင်ဗျ.. ကျွန်တော်နဲ့ အမှုဖြစ်ခဲ့သူတစ်ဦးဟာ ယခုချိန်တွင် ကျွန်တော်၏နံမည်ကိုအသုံးချပြီး အတန်းရှင်းယူအင်တာဗျူးများဖြေဆိုနေသည်ကိုစိတ်မကောင်းစွာမြင်တွေ့နေရပါသည်။ပြသနာများကိုအပြီးသတ်ညှိုနှိုင်းခဲ့စဉ်ထဲက တစ်ယောက်နှင့်တယောက်အင်တာဗျူးများမဖြေဆိုရန်ကတိပေးခဲ့သလို ကျွန်တော်လည်းတရားဝင်အင်တာဗျူးကိုသူနဲ့ပတ်သတ်တာလာမေးသမျှလုံးဝမဖြေဆိုခဲ့ပါ။ အမှုကိုလည်း ကျွန်တော့်ဆရာက ညှိုနှိုင်းပေးခဲ့ပေမဲ့ သူတို့ဘက်က ပိုက်ဆံတောင်းခံခဲ့လို့ကျွန်တော်ကိုယ်တိုင်လည်းအမှုကိုဆက်မဖြစ်ချင်တာကတကြောင်း ကျွန်တော့်ဆရာကိုယ်တိုင်ကဆုံးမတာကတစ်ကြောင်း ကျွန်တော့ဖက်ကမမှားဘဲ သူတို့တောင်းသမျှငွေကို ပေးခဲ့ပါသည်။ထိုငွေပေးခဲ့သည့်အကြောင်းကိုလည်းမည့်သည့်အင်တာဗျူးတွင်မှမဖြေရန်ကတိပေးခဲ့ပါသည် ထို့ပါသော်လည်း သူ့ဘက်မှစည်းကမ်းများဖောက်ဖျက်မှုများကြောင့်လည်ကောင်း Page အတုများမှ တိုက်ခိုက်မှုများကြောင့်လည်ကောင်း ဘာမှအကြောင်းစုံမသိနားမလည်သော ပရိသတ်များမှဝိုင်းဝန်းဆဲဆိုရေးသားနေသည်ကိုမြင်တွေ့နေရပါသော်ကြောင့် ကျွန်တော်ကိုယ်တိုင် စိတ်မကောင်းစွာဖြင့်အားလုံးသိအောင်ပြောဆိုခြင်းဖြစ်ပါသည်ခင်ဗျား။”
“အမှုကိစ္စညှိုနှိုင်းပြီးစီး ချိန် နောက်ရက်တွင်လည်း သူမကကျွန်တာ့် Viber သို့ဖုန်းများလာခေါ်နေ၍ ကျွန်တော်ကိုယ်တိုင် Block ထားခဲ့ခြင်းဖြစ်ပါသည်ခင်ဗျား။ဒါကိုလည်းသူ့မိသားစုဝင်များသိစေချင်ပါသည်။ ယခုအကြောင်းအရာများကိုဖွင့်ပြောရခြင်းမှာတဖက်သားကိုထိခိုက်လိုစိတ်လုံးဝမရှိပါဖူးခင်ဗျာ။ယခု ကိုဗစ်ကာလလူတွေဒုက္ခရောက်နေချိန်မှာ အေးဆေးအလှုအတန်းလုပ်နေတဲ့ ကျွန်တော့်ကိုအဆက်မပြတ်တိုက်ခိုက်လာပါသောကြောင့် သတိပေးရခြင်းဖြစ်ပါသည်ခင်ဗျာ။ နောက်ထပ်လည်းအကြောင်းစုံ မသိဘဲ ကျွန်တော့်ကို့ ပြောဆိုရေးသားထားသော Nay Min Ko Ko အကောင့်ပိုင်ရှင်ကိုလည်း အမှုဖွင့်အရေးယူဆောင်ရွက်ပါတော့မည်ခင်ဗျာ။ နောက်တခါ ကျွန်တော်နံမည်ကိုဆက်ပြီးအသုံးချပြီးအတန်းရှင်းယူ အင်တာဗျူးဖြေဆိုမယ်ဆိုပါက တည်ဆဲဉပဒေအရဆောက်ရွက်မည်ဖြစ်ကြောင်းလေးစားစွာအသိပေးအပ်ပါသည်ခင်ဗျား။ အခြေအမြစ်မရှိသော Pageများမှသတင်းတုများအတွက်တာဝန်မယူပါခင်ဗျား Ps – စာချုပ်သက်သေကို စာနာစွာဖြင့်ထုတ်မပြတော့ပါဖူးခင်ဗျ။ လိုအပ်လာလျင်ထုတ်ပြပါမည်ခင်ဗျ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။
နေဒွေးကတော့ ပြီးပြတ်သွားတဲ့ အမှုကိစ္စနဲ့ ပက်သတ်ပြီး မိန်းကလေးရဲ့ မိဘတွေပါ သိအောင် ဖြစ်ကြောင်းကုန်စဉ် ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Nay Dway ‘s fb
Bilie – Cele Connections