


ယူနီကုဒ်ဖြင့်ဖတ်ရန်

အသက် (၂၂) နှစ် ပြည့်သွားခဲ့ပြီဆိုတဲ့ Liam လေးရဲ့မေမေ ယွန်းဝတီလွင်မိုး

မင်းသားကြီး အကယ်ဒမီလွင်မိုးရဲ့ သမီးကြီဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ (၂၀၁၈) ခုနှစ်မှာ သူမရဲ့ ငယ်သူငယ်ချင်း ကိုထက်ဦးလှိုင်နဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက် (၂၀) စွန်းစွန်း အရွယ်မှာတင် အိမ်ထောင်ပြု ကလေးမွေးခဲ့တဲ့ ယွန်းဝတီလွင်မိုးက အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူမရဲ့ မပြီးပြတ်သေးတဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူဖို့ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်နဲ့အတူတူ နေထိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့ကတော့ ယွန်းဝတီလွင်မိုးရဲ့ အသက် (၂၂) နှစ်ပြည့်တဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက သူမရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့မှာ မိသားစုတွေနဲ့ တစ်မြေစီဖြစ်နေတာကြောင့် ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ပဲ ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်နဲ့သာ နှစ်ယောက်တည်း ဖြတ်သန်းကုန်ဆုံးဖို့ အစီအစဉ်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ ကလေးမိခင်တစ်ယောက်ဆိုပေမယ့် အသက် (၂၂) နှစ်အရွယ်မှာလည်း ပျိုမြစ်လှပလွန်းလှပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး ယွန်းဝတီလွင်မိုးအတွက် မွေးနေ့ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yun Waddy Lwin Moe ‘s fb
Bilie – Cele Connections