


Source: Sandy Cho’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသားဖြစ်တဲ့ ဖေဖေတောင် အရှုံးပေးလောက်ရတဲ့အထိ အမူအယာအိုက်တင်မျိုးစုံနဲ့ Tik Tok ဆော့ထားကြတဲ့ နိုင်းနိုင်းရဲ့သမီးသုံးယောက်

မင်းသားချော နိုင်းနိုင်းကတော့ ဆယ့်စုနှစ်နှစ်စုကျော်တိုင် အောင်မြင်မှုအရှိန်အဟုန် လုံးဝကျဆင်းမသွားပဲ ဒီနေ့ဒီအချိန်ထိ ထိပ်ဆုံးမှာ ကျော်ကြားနေဆဲ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာကာရိုက်တာအတိုင်း တစ်သွေမတိမ်း သရုပ်ဆောင်နိုင်တာကြောင့် ဗီဒီယိုခေတ်ကတည်းကနေ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကလည်း အခုဆိုရင် အသက်လေးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် သူ့ရဲ့ နုပျိုမှုတွေကတော့ အံ့သြလောက်စရာ ကျန်ရစ်နေတာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက် ရပ်တည်နေဆဲပါပဲ။

ချစ်စရာကောင်းတဲ့ သမီးလေး သုံးယောက်နဲ့ သားချောလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းကတော့ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝကို တည်ဆောက်ထားသူပါ။ ဒီကနေ့မှာတော့ နိုင်းနိုင်းရဲ့ သမီးလေးသုံးယောက်က မင်းသားဖြစ်တဲ့ ဖေဖေတောင် အရှုံးပေးလောက်ရတဲ့အထိ အမူအယာအိုက်တင်မျိုးစုံနဲ့ Tik Tok ဆော့ထားကြတာကို အခုလိုပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် နိုင်းနိုင်းသမီးလေးတွေရဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

နိုင်းနိုင်းရဲ့ သားသမီးတွေကတော့ မွေးကတည်းက နိုင်ငံခြားမှာနေပြီး အရွယ်ရောက်ကြီးပြင်းလာခဲ့တာကြောင့် ရှက်ရွံ့ကြောက်လန့်ခြင်းမရှိပဲ သွက်လက်တဲ့ ကလေးလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အဖေထက်သာတဲ့ သမီးချောလေးတွေကိုကြည့်ပြီး အချစ်ပို အသည်းယားနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sandy Cho’s fb
Bilie – Cele Connections