Rock သီခ်င္း အၾကမ္းစားေတြကို သီဆိုတဲ့ အဆိုေတာ္ လိေမၼာ္သီးကေတာ့ သီခ်င္းဆိုေကာင္းသလို ဆြဲေဆာင္မႈအျပည့္ရိွတဲ့ အမိုက္စားရုပ္ရည္ကိုလည္း ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ လိေမၼာ္သီးကေတာ့ အေနအထိုင္ေအးေဆးသူတစ္ေယာက္ျဖစ္ျပီး စိတ္ခံစားခ်က္ေတြကိုလည္း ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္သူတစ္ေယာက္ပီပီ ပရိသတ္ေတြကိုလည္း သူမရဲ့ ခံစားမႈေတြကို မွ်ေဝေပးေလ့ရိွပါတယ္။ ဒီကေန့မွာေတာ့ လိေမၼာ္သီးက ရင္းႏွီးသူမိတ္ေဆြေတြရဲ႕ နာေရးသတင္းေတြေတြ႕ရတဲ့အခါ ျဖစ္ေပၚလာတဲ့ သူမရဲ့ စိတ္ခံစားမႈကို အခုလိုပဲ ေျပာလာတာကို ေတြ့ရပါတယ္။

“ဒီရက္ေတြထဲ.. ကိုယ္နဲ႔ရင္းႏွီးသူမိတ္ေဆြေတြရဲ႕ နာေရးသတင္းေတြေတြ႕ရေတာ့ ရင္ထဲမေကာင္း ေတြးမိတယ္။ လူျဖစ္ရတာ ဘဝမွာ ဘာမ်ားမက္ေမာစရာရွိမလဲလို႔.။ ခ်ီးမြမ္းျခင္း/ ကဲ့ရဲ႕ျခင္းေတြၾကားမွာ အဆင္မေျပမႈေတြ နဲ႔ ကိုယ့္ဘဝကိုယ္ေတြးမိေတာ့လည္း တခါတရံ ဒီလိုအခ်ိန္ေတြဆို အရာအားလုံးကို လႊတ္ခ်ခဲ့ခ်င္တယ္။ ဒီလိုနဲ႔တရက္ျပန္ႏိုးလာတဲ့အခါက်ေတာ့လည္း လက္ေတြ႕ဘဝထဲျပန္ေရာက္ လိုခ်င္တပ္မက္မႈေတြ/ အမုန္းေတြ နဲ႔ ဝမ္းနည္း/ဝမ္းသာ ျပန္ခံစားလိုက္နဲ႔ သံသရာဟာလည္ေနျပန္တယ္။ ဘဝေတြက ဘယ္အရာမွ ကိုယ္ပိုင္ဆိုင္တာ တကယ္မရွိပါဘူး။ ဒါ့ေၾကာင့္ ဘယ္သူ႔အေပၚမွ စိတ္ဒဏ္ရာရေအာင္လုပ္လိုစိတ္မရွိခဲ့ဘူး။ မလုပ္ျဖစ္ခဲ့ဘူး။ ေတာ္ပါေသးတယ္ေလ။ လြတ္ေျမာက္သြားသူေတြလည္း ၿငိမ္းခ်မ္းပါေစ 🙏🏻 ကိုယ္လည္း ၿငိမ္ခ်မ္းပါေစ 🙏🏻” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

လိေမၼာ္သီးေလးကေတာ့ သူမရဲ့ ရင္းနွီးရတဲ့ မိတ္ေဆြေတြရဲ့ နာေရးသတင္းေၾကာင့္ စိတ္ထိခိုက္ ဝမ္းနည္းေနရတာပဲ ျဖစ္ပါတယ္။ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Mi Mon Mon Thike’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရင်းနှီးသူမိတ်ဆွေတွေရဲ့ နာရေးသတင်းတွေတွေ့ရတော့ လွတ်မြောက်သွားသူတွေ ငြိမ်းချမ်းသလို ကိုယ်လည်းငြိမ်းချမ်းဖို့ ဆုတောင်းနေတဲ့ လိမ္မော်သီး

Rock သီချင်း အကြမ်းစားတွေကို သီဆိုတဲ့ အဆိုတော် လိမ္မော်သီးကတော့ သီချင်းဆိုကောင်းသလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမိုက်စားရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လိမ္မော်သီးကတော့ အနေအထိုင်အေးဆေးသူတစ်ယောက်ဖြစ်ပြီး စိတ်ခံစားချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတစ်ယောက်ပီပီ ပရိသတ်တွေကိုလည်း သူမရဲ့ ခံစားမှုတွေကို မျှဝေပေးလေ့ရှိပါတယ်။ ဒီကနေ့မှာတော့ လိမ္မော်သီးက ရင်းနှီးသူမိတ်ဆွေတွေရဲ့ နာရေးသတင်းတွေတွေ့ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ သူမရဲ့ စိတ်ခံစားမှုကို အခုလိုပဲ ပြောလာတာကို တွေ့ရပါတယ်။

“ဒီရက်တွေထဲ.. ကိုယ်နဲ့ရင်းနှီးသူမိတ်ဆွေတွေရဲ့ နာရေးသတင်းတွေတွေ့ရတော့ ရင်ထဲမကောင်း တွေးမိတယ်။ လူဖြစ်ရတာ ဘဝမှာ ဘာများမက်မောစရာရှိမလဲလို့.။ ချီးမွမ်းခြင်း/ ကဲ့ရဲ့ခြင်းတွေကြားမှာ အဆင်မပြေမှုတွေ နဲ့ ကိုယ့်ဘဝကိုယ်တွေးမိတော့လည်း တခါတရံ ဒီလိုအချိန်တွေဆို အရာအားလုံးကို လွှတ်ချခဲ့ချင်တယ်။ ဒီလိုနဲ့တရက်ပြန်နိုးလာတဲ့အခါကျတော့လည်း လက်တွေ့ဘဝထဲပြန်ရောက် လိုချင်တပ်မက်မှုတွေ/ အမုန်းတွေ နဲ့ ဝမ်းနည်း/ဝမ်းသာ ပြန်ခံစားလိုက်နဲ့ သံသရာဟာလည်နေပြန်တယ်။ ဘဝတွေက ဘယ်အရာမှ ကိုယ်ပိုင်ဆိုင်တာ တကယ်မရှိပါဘူး။ ဒါ့ကြောင့် ဘယ်သူ့အပေါ်မှ စိတ်ဒဏ်ရာရအောင်လုပ်လိုစိတ်မရှိခဲ့ဘူး။ မလုပ်ဖြစ်ခဲ့ဘူး။ တော်ပါသေးတယ်လေ။ လွတ်မြောက်သွားသူတွေလည်း ငြိမ်းချမ်းပါစေ 🙏🏻 ကိုယ်လည်း ငြိမ်ချမ်းပါစေ 🙏🏻” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

လိမ္မော်သီးလေးကတော့ သူမရဲ့ ရင်းနှီးရတဲ့ မိတ်ဆွေတွေရဲ့ နာရေးသတင်းကြောင့် စိတ်ထိခိုက် ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mi Mon Mon Thike’s fb
Bilie – Cele Connections