တစ္​ကမၻာလံုးက Catwalk King လို႔ တင္စားေခၚေဝၚရေလာက္တဲ့အထိ အရည္အခ်င္းရွိတဲ့ ဖိလစ္ပိုင္ LGBT ေမာ္ဒယ္ Sinon Loresca ကေတာ့ ျမန္မာႏိုင္ငံကို အရမ္​းခ်စ္​ၿပီး သူ႔ရဲ႕ဒုတိယ​ေျမာက္​ မိခင္​ႏိုင္​ငံလို႔​ေတာင္​ ​​ေျပာ​ေလ့႐ွိသူတစ္​ဦးပါ။ Sinon က ျမန္မာနိုင္ငံမွာ အေျခခ်ေနထိုင္ေနခဲ့တာ အခုဆိုရင္ (၁) နွစ္တာ အခ်ိန္ကို ေရာက္ရိွေနျပီျဖစ္ျပီး ျမန္မာလူမ်ိဳးမ်ားအတြက္ ေမတၱာေတြကို ေပးစြမ္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း နူညံ့ျပီး ၾကင္နာတတ္တဲ့ နွလံုးသားပိုင္ရွင္ Sinon ကို ကိုယ့္လူမ်ိဳးေသြးသားတစ္ေယာက္လို ခ်စ္ခင္အားေပးၾကပါတယ္။

စိတ္ထားေကာင္းျပီး ၾကင္နာတတ္တဲ့ Sinon ကို ျမန္မာပရိသတ္ေတြက ခ်စ္လြန္းအားၾကီးလို့ တစ္ခ်ိဳ့ပရိသတ္ေတြဆိုရင္ ေသရာပါတဲ့အထိ ေဆးမင္ေၾကာင္တက္တူးေတြထိုးျပီး အားေပးဝန္းရံၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း Sinon က “ျမန္မာႏိုင္ငံအတြင္း တတိယေျမာက္ ကြၽန္ေနာ္၏ မ်က္ႏွာပုံ ေသရာ ပါတက္တူး ထိုးထားေသာ ခ်စ္ရေသာ ပရိတ္သတ္ ကို က်န္ေနာ္ အရမ္းေလးစားၿပီး ဂုဏ္ယူၿပီး မ်က္ရည္ ဝဲ မိပါတယ္။ ေက်းဇူးအရမ္းတင္ၿပီး ေလးစားလ်က္. ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

သူ့ရဲ့ ပံုတူကို ေသရာပါေဆးမင္ေၾကာင္ထုိးေပးတဲ့ တတိယေျမာက္ျမန္မာနိုင္ငံသားေၾကာင့္ မ်က္ရည္ေတာင္ဝဲမိတဲ့အထိ ဝမ္းသာေနရွာတာပဲ ျဖစ္ပါတယ္။ ေမတၱာေတြေပးလို့ ေမတၱာေတြျပန္ရတဲ့ Sinon ရဲ့အျဖစ္က အားက်စရာပါပဲေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sinon Loresca’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူ့ရဲ့ ပုံတူကို သေရာပါဆေးမင်ကြောင်ထိုးပေးတဲ့ တတိယမြောက်မြန်မာနိုင်ငံသားကြောင့် မျက်ရည်တောင်ဝဲမိတယ်ဆိုတဲ့ Sinon Loresca

တစ်ကမ္ဘာလုံးက Catwalk King လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ အရည်အချင်းရှိတဲ့ ဖိလစ်ပိုင် LGBT မော်ဒယ် Sinon Loresca ကတော့ မြန်မာနိုင်ငံကို အရမ်းချစ်ပြီး သူ့ရဲ့ဒုတိယမြောက် မိခင်နိုင်ငံလို့တောင် ပြောလေ့ရှိသူတစ်ဦးပါ။ Sinon က မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေခဲ့တာ အခုဆိုရင် (၁) နှစ်တာ အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး မြန်မာလူမျိုးများအတွက် မေတ္တာတွေကို ပေးစွမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နူညံ့ပြီး ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် Sinon ကို ကိုယ့်လူမျိုးသွေးသားတစ်ယောက်လို ချစ်ခင်အားပေးကြပါတယ်။

စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ Sinon ကို မြန်မာပရိသတ်တွေက ချစ်လွန်းအားကြီးလို့ တစ်ချို့ပရိသတ်တွေဆိုရင် သေရာပါတဲ့အထိ ဆေးမင်ကြောင်တက်တူးတွေထိုးပြီး အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Sinon က “မြန်မာနိုင်ငံအတွင်း တတိယမြောက် ကျွန်နော်၏ မျက်နှာပုံ သေရာ ပါတက်တူး ထိုးထားသော ချစ်ရသော ပရိတ်သတ် ကို ကျန်နော် အရမ်းလေးစားပြီး ဂုဏ်ယူပြီး မျက်ရည် ဝဲ မိပါတယ်။ ကျေးဇူးအရမ်းတင်ပြီး လေးစားလျက်. ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

သူ့ရဲ့ ပုံတူကို သေရာပါဆေးမင်ကြောင်ထိုးပေးတဲ့ တတိယမြောက်မြန်မာနိုင်ငံသားကြောင့် မျက်ရည်တောင်ဝဲမိတဲ့အထိ ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ မေတ္တာတွေပေးလို့ မေတ္တာတွေပြန်ရတဲ့ Sinon ရဲ့အဖြစ်က အားကျစရာပါပဲနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sinon Loresca’s fb
Bilie – Cele Connections