တစ္ေခတ္တစ္ခါက ပုရိသေတြရဲ့ အသည္းနွလံုးကို ညိွဳ့ယူဖမ္းစားနိုင္ခဲ့တဲ့ မင္းသမီးေခ်ာ နႏၵာလိႈင္ကေတာ့ သူမရဲ့ အနုပညာသက္တမ္းတစ္ေလွ်ာက္ အကယ္ဒမီထူးခၽြန္ဆု နွစ္ဆုတိတိ ရရိွပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ နႏၵာလိႈ္င္က (၂၀၀၈)ခုနွစ္မွာ အိမ္ေထာင္က်ျပီး ထိုေနာက္ပိုင္းမွာ အနုပညာလုပ္ငန္းေတြကို အျပီးတိုင္ ရပ္နားလိုက္ေတာ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ နႏၵာလိႈ္င္ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ သူမရဲ့ လႈပ္ရွားမႈတိုင္းကို စိတ္ဝင္စားစြာနဲ့ အားေပးေစာင့္ၾကည့္ေနၾကဆဲ ျဖစ္ပါတယ္။

လက္ရိွ ကိုဗစ္ကာလမွာေတာ့ မိသားစုဝင္ေတြထဲကတစ္ခ်ိဳ့ ေရာဂါကူးစက္ခံခဲ့ရျပီး သူမတို့ကိုယ္တိုင္လည္း Home Quarantine ေနထုိင္ေနရတဲ့ နႏၵာလိႈင္က သူမတို့ မိသားစုရဲ့ ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရေတြကို ျပန္လည္သတိရေနတာပဲ ျဖစ္ပါတယ္။ နႏၵာလိႈင္ကေတာ့ “မိသားစုလိုက္ဖားအံသြားခ်င္တယ္😩” ဆိုျပီး အိမ္ထဲကေန အိမ္ျပင္မထြက္ရတဲ့အခ်ိန္မွာ မိသားစုေတြနဲ့အတူတူလုပ္ခ်င္တဲ့ ဆႏၵတစ္ခုကို ထုတ္ေျပာလာတာပဲ ျဖစ္ပါတယ္။

နႏၵာလိႈင္တို့ မိသားစုက ညီအစ္ကို ေမာင္နွမေတြ စံုစံုလင္လင္နဲ့ ခရီးေတြသြားေလ့ရိွတာျဖစ္ျပီး ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြကို ကုန္ဆံုးေလ့ရိွပါတယ္။ ကိုဗစ္ၾကီးလည္း ျမန္ျမန္ေပ်ာက္ကင္းျပီး နႏၵာလိႈင္ရဲ့ ဆႏၵေလးလည္း အျမန္ဆံုးျပည့္ဝပါေစလုိ့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nandar Hlaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ထဲကနေ အိမ်ပြင်မထွက်ရတဲ့အချိန်မှာ မိသားစုတွေနဲ့အတူတူလုပ်ချင်တဲ့ ဆန္ဒတစ်ခုကို ထုတ်ပြောလာတဲ့ နန္ဒာလှိုင်

တစ်ခေတ်တစ်ခါက ပုရိသတွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အကယ်ဒမီထူးချွန်ဆု နှစ်ဆုတိတိ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က (၂၀၀၈)ခုနှစ်မှာ အိမ်ထောင်ကျပြီး ထိုနောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေကို အပြီးတိုင် ရပ်နားလိုက်တော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နန္ဒာလှိုင်ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာနဲ့ အားပေးစောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာတော့ မိသားစုဝင်တွေထဲကတစ်ချို့ ရောဂါကူးစက်ခံခဲ့ရပြီး သူမတို့ကိုယ်တိုင်လည်း Home Quarantine နေထိုင်နေရတဲ့ နန္ဒာလှိုင်က သူမတို့ မိသားစုရဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ပြန်လည်သတိရနေတာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ကတော့ “မိသားစုလိုက်ဖားအံသွားချင်တယ်😩” ဆိုပြီး အိမ်ထဲကနေ အိမ်ပြင်မထွက်ရတဲ့အချိန်မှာ မိသားစုတွေနဲ့အတူတူလုပ်ချင်တဲ့ ဆန္ဒတစ်ခုကို ထုတ်ပြောလာတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်တို့ မိသားစုက ညီအစ်ကို မောင်နှမတွေ စုံစုံလင်လင်နဲ့ ခရီးတွေသွားလေ့ရှိတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးလေ့ရှိပါတယ်။ ကိုဗစ်ကြီးလည်း မြန်မြန်ပျောက်ကင်းပြီး နန္ဒာလှိုင်ရဲ့ ဆန္ဒလေးလည်း အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing’s fb
Bilie – Cele Connections