


Source: Baby Maung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရှာမတွေ့တာ (၁)နှစ်လောက်ရှိနေပြီဖြစ်တဲ့ အသီးသည်အဖွားအိုနဲ့ ပြန်လည်ဆုံတွေ့ပြီး ဝယ်ယူအားပေးဖြစ်ကြောင်းပြောလာတဲ့ ဘေဘီမောင်

ချောမောတဲ့ ရုပ်ရည်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က လူလေးလှသလို စိတ်ထားကောင်းပြီး စကားပြောပွင့်လင်းသူမို့ ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဘေဘီမောင်ကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေပြုလုပ်နေလျက်ရှိပြီး ဒီကနေ့မှာလည်း သူမပြုခဲ့တဲ့ ကုသိုလ်လေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။

“ဖွားဖွားမြိုင်၇၇နှစ်ပါရှင့်🙏🏻လွန်ခဲ့တဲ့၇နှစ်လောက်ထဲက ကျောက်မြောင်းထဲမှာဖရဲသီး ဗန်းလေးခေါင်းပေါ်တင်ကာ တစ်လမ်းဝင်တစ်လမ်းထွက်ပြီးလိုက်ရောင်းတာပါ😔 ဖွားဖွားကိုတွေ့တိုင်း ဖရဲသီးတွေအကုန်ဝယ်ပြီးအားပေးနေကြပါရှင်🙏🏻ခုဘေဘီကအိမ်ပြောင်းသွားလို့ဖွားဖွားကိုမတွေ့တာကြာပီ၁နှစ်လောက်ရှိပါပြီ😔 ဒီနေ့ဖွားဖွားကို အသီးတွေဝယ်ပီးအားပေးခဲ့တယ်🙏🏻ဖွားဖွားသမီးလေးမတွေ့တာကြာပြီတဲ့😔ဘေဘီလည်းဖွားဖွားနေကောင်းလာဆိုအရင်လိုကျန်းမာရေးသိပ်မကောင်းဘူးတဲ့ ခုလိုရောဂါပိုးတွေဖြစ်နေချိန် အလုပ်ကလည်းအဆင်မပြေဘူးတဲ့😔ဖွားဖွားကိုတွေ့ရင် အသီးလေးတွေဝယ်ပြီးအားပေးကုသိုလ်ယူပေးကြပါနော်🙏🏻 ဖွားဖွားရှိတဲ့နေရာလေးက ကျောက်မြောင်းမှတ်တိုင် KBZ Bankဘေးကလမ်းကြားမှာအမြဲရှိပါတယ်ရှင့်🙏🏻🥰” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးထားပါတယ်။

ဘေဘီမောင်ကတော့ အလှူအတန်းနဲ့ ပက်သတ်လာရင် နည်းများမဆို ကုသိုလ်ယူလှူဒါန်းနေတာ ပရိသတ်ကြီး မျက်မြင်ပါပဲနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Baby Maung’s fb
Bilie – Cele Connections