သရုပ္ေဆာင္ သံစဥ္ေမာင္ကေတာ့ ခ်စ္စရာေကာင္းတဲ့ အျပံုးေလးေတြနဲ့ ခ်ိဳသာတဲ့ မ်က္နွာေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ သံစဥ္ေမာင္က ဗီဒီယိုဇာတ္ကားေတြမွာ သရုပ္ေဆာင္ရင္း ပရိသတ္အားေပးမႈကို ရရိွခဲ့သလို သရုပ္ေဆာင္ ေဘဘီေမာင္ရဲ့ ညီမျဖစ္တာေၾကာင့္ ပိုျပီး လူသိမ်ားတာပဲ ျဖစ္ပါတယ္။ သံစဥ္ေမာင္ကေတာ့ ပရိသတ္ေတြအတြက္ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို တစ္ဖက္မွာလည္း သူမတတ္နိုင္သေလာက္ အလွဴအတန္းေတြလုပ္ကိုင္ရင္း ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနလ်က္ရိွပါတယ္။

လူငယ္တစ္ေယာက္ပီပီ ခံစားခ်က္ေတြကို လူမႈကြန္ယက္စာမ်က္နွာေပၚမွာ ရင္ဖြင့္ေျပာဆိုတတ္တဲ့ သံစဥ္ေမာင္က ဒီတစ္ေခါက္မွာလည္း သူမကို အကုသိုလ္လာေပးသူေတြအေၾကာင္းကို “အင္း အင္း ေျပာခ်င္ရာေျပာ လာေပးတဲ့အကုသိုလ္ေတြ ကြၽန္မ မယူရင္ ဘယ္သူဆီမွာပဲရွိေနမွာတဲ့လဲ 😌 ဘယ္သူဘာေျပာေျပာရယ္ေနလိုက္တယ္ 😂😂😂 ကြၽန္မကရယ္ရင္လွတယ္ေလ☺️☺️☺️” ဆိုျပီး ေျပာလာတာကို ေတြ့ရပါတယ္။

သံစဥ္ေမာင္ကေတာ့ ရိုးရိုးရွင္းရွင္းနဲ့ ေအးခ်မ္းစြာ ေနထိုင္တတ္သူတစ္ေယာက္ျဖစ္ေပမယ့္ သူမဆီကို အကုသိုလ္ေတြ လာလာေပးၾကတာေၾကာင့္ စိတ္အေနွာက္အယွက္ျဖစ္ရေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Than Sin Maung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပြောချင်ရာပြောပြီး လာပေးကြတဲ့ အကုသိုလ်တွေကြောင့် ဘယ်သူဘာပြောပြော ရယ်ပဲရယ်နေလိုက်တော့တယ်ဆိုတဲ့ သံစဉ်မောင်

သရုပ်ဆောင် သံစဉ်မောင်ကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ချိုသာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သံစဉ်မောင်က ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့သလို သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမဖြစ်တာကြောင့် ပိုပြီး လူသိများတာပဲ ဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူမတတ်နိုင်သလောက် အလှူအတန်းတွေလုပ်ကိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေလျက်ရှိပါတယ်။

လူငယ်တစ်ယောက်ပီပီ ခံစားချက်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ပြောဆိုတတ်တဲ့ သံစဉ်မောင်က ဒီတစ်ခေါက်မှာလည်း သူမကို အကုသိုလ်လာပေးသူတွေအကြောင်းကို “အင်း အင်း ပြောချင်ရာပြော လာပေးတဲ့အကုသိုလ်တွေ ကျွန်မ မယူရင် ဘယ်သူဆီမှာပဲရှိနေမှာတဲ့လဲ 😌 ဘယ်သူဘာပြောပြောရယ်နေလိုက်တယ် 😂😂😂 ကျွန်မကရယ်ရင်လှတယ်လေ☺️☺️☺️” ဆိုပြီး ပြောလာတာကို တွေ့ရပါတယ်။

သံစဉ်မောင်ကတော့ ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းစွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပေမယ့် သူမဆီကို အကုသိုလ်တွေ လာလာပေးကြတာကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Than Sin Maung’s fb
Bilie – Cele Connections